spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ဇွန်လ ၁၁ ရက်နေ့ ၆မိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား KNDF ရဲဘော်တချို့ ထိခိုက်

ထွေးရယ် (ကန္တာရဝတီတိုင်း(မ်))

ယမန်နေ့ (ဇွန်လ ၁၁ ရက်) မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ၆ မိုင် ကျေးရွာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-09 ၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

KNDF က ကင်းလဲဖို့ သွားတဲ့ အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရတာဖြစ်ပြီး ရဲဘော်တစ်ချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။   မနက်အစောပိုင်း ၃နာရီလောက်မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

“အဲမှာ ဒဏ်ရာရတဲ့ ရဲဘော်တစ်ချို့ကို ကယ်ထုတ်ဖို့ ကြိုးစားရင်း နဲ့ တိုက်ပွဲက နေ့လည်လောက်ထိဖြစ်တယ်။ နေ့လည်လောက်ထိဖြစ်ပြီးမှ ညနေလောက်ပြီးသွားတယ်ပေါ့လေ။“ လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေအပြီး မှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတာရှိတယ်လို့ သူကဆိုပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ ၆မိုင်တိုက်ပွဲအပြင် ဖရူဆိုမြို့နယ်က နေ ဒီးမော့ဆိုမြို့နယ် ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထီးပေါ်ဆို ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာလည်း စံပြ ၆မိုင်ကျေးရွာမှာ ကင်းလှည့်နေတဲ့ KNDF ရဲဘော်တချို့ကို  စစ်ကောင်စီတပ်ဘက်က စတင်တွေ့ရှိပစ်ခတ်ခဲ့တာကြောင့် တပ်သား တချို့ ထိမှန်တာတွေရှိခဲ့ပါတယ်။

spot_img
spot_img