spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ညမထွက်ရ အမိန့် ပျက်ကွက်သူများ ထောင်ဒဏ်တစ်လ ချမှတ်ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ ကယားပြည်နယ်အတွင်းရှိ မြို့နယ်များကို ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသော်လည်း ဒီမော့ဆိုမြို့နယ်က အမိန့်ပျက်ကွက်သူများကို အလုပ်မဲ့ ထောင်ဒဏ် တစ်လဖြင့် ဒီမော့ဆိုတရားရုံးက ဧပြီလ ၂၄ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။

ဧပြီလ ၂၃ရက်နေ့ညအချိန်မှာ ဒီမော့ဆိုမြို့နယ် ရပ်ကွက်အတွင်း မော်တော်ယာဉ်လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ငွေတောင်ကျေးရွာရှိ ဘေးလမ်းမှာ ဒီမော့ဆိုမြို့နယ် ဒေါငံရောက်ကျေးရွာနေထိုင်သူ (၃)ဦး နဲ့ ဒေါဘူးငံရယ်ကျေးရွာနေထိုင်သူ ၂ ဦး စုစုပေါင်း ၅ ဦးတို့က နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အမိန့်ကို လိုက်နာခြင်းမရှိဘဲ သွားလာနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ကယားပြည်နယ်အစိုးရရုံးဖေ့ဘွတ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။

ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့ရာ မြို့နယ်တရားရုံးမှ ၎င်းတို့ ၅ ဦးအနက် ၄ဦးကို ရာကြီးအမှတ် ၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈ ဖြင့် အမှုလက်ခံစစ်ဆေးခဲ့ပြီး အလုပ်မဲ့ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ြဲပီး ကျန်တစ်ဦးကို ကလေးသူငယ်ရာကြီးအမှတ် ၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈ဖြင့် အမှုလက်ခံစစ်ဆေးခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၈၉(က)အရ ဆိုဆုံးမ၍ လွှတ်မိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့ကလည်း လွိုင်ကော်မြို့မှာလည်း ညမထွက်ရအမိန့် ပျက်ကွက်သူတစ်ဦးကို လွိုင်ကော်မြို့နယ်တရားရုံးမှ ရာကြီး-၂၁၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ်လိုက်တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts