spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

ညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းက ဘုရာတောင်လယ်နွဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီ နဲ့ ပြည်သူ့စစ် (PNA) ပူးပေါင်းအဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကလေးတစ်ဦးအပါအဝင် ၃ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လည် ၁နာရီ မိနစ် ၄၀ အချိန်မှာ ပင်စုံအောက်ရွာဖက်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ခုထိထားတဲ့ ရွာသားတွေက ရေပူရွာ က စစ်ရှောင်တွေပါ။ စစ်ကောင်စီနဲ့ PNA က ဒီနေ့ လက်နက်ကြီး ပစ်တာ။ ၆ နှစ်အရွယ် မိန်းကလေး တစ်ဦး က ချက်ချင်းဆုံးသွားပါတယ်။ ခွန်သိန်းအောင် အသက်(၂၈)နှစ်နဲ့ ဦးစိုင်း အသက်(၅၅)နှစ် တို့က ဆေးကုသရင်း ထပ်မံသေဆုံးတယ်။ ၁၄ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တော့ ဆေးရုံမှာ ပို့ဆောင်ရတယ်။”လို့ သူက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသက်နဲ့ ကျား၊ မ စာရင်းကိုတော့ မသိရှိရသေးပါဘူး။ အဆိုပါ စစ်ရှောင်စခန်း အနီးအနားမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘူးလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းရှိရာကို လက်နက်ကြီး ၃ကြိမ် ပစ်ခတ်ခဲ့ပြီး ၇လုံး ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကျရောက်မှုကြောင့် လူထိခိုက်သေဆုံးမှုအပြင် နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်းကာလ ၄နှစ်ဝန်းကျင်အတွင်း နိုင်ငံတစ်ဝှမ်းမှာ စစ်ရေးပဋိပက္ခကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်း ( ၆၁၈၆ ) ဦး ရှိပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ( ၆၉၃ ) ဦး ရှိတယ်လို့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စာရင်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts