spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

တစ်နှစ်နီးပါး နေရပ်မပြန်နိုင်တဲ့ ဖရူဆိုမြို့ပေါ်ရပ်ကွက်နေအိမ်တွေကို သန့်ရှင်းရေးပြန်လည်ပြုလုပ်ခဲ့ကြ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေကို ဒေသခံတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်ကနေ နိုဝင်ဘာလ ၂ရက်နေ့အထိ ၃ရက်အတွင်း သန့်ရှင်းရေးပြန်လည်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“အေး ပြန်ကြတယ်၊ ပေးပြန်တာ ၃ ရက်လို့ ပြောတယ်၊ ညောင်ဇင်ဘက်တော့ တော်တော်ဝင်ကြတယ် ပြောတယ်၊ အရှေ့ဘက်ခြမ်း ခေါသမောတို့ ဒေါသကလဲတို့မှာ လာနေတဲ့ လူတွေဝင်ကြတယ် ပြောတာ တစ်ချို့တွေ ကား လေးစီးလောက်ပြန်တယ် ဆိုင်ကယ် တစ်ချို့ပေါ့။ “ လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတော်တော်များများဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြပြီး နေရပ်ကို ပြန်လည်မနေထိုင်နိုင်တာ တစ်နှစ်နီးပါးရှိနေကြပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကနေ သန့်ရှင်းရေးပြန်လည်ပြုလုပ်ခိုင်းတာဖြစ်ပြီး ဒေသခံတော်တော်များများ ပြန်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖရူဆိုမြို့ပေါ်မှာ ၅ရပ်ကွက်ရှိပြီး နေအိမ်အားလုံးနီးပါးဟာလည်း ဖောက်ထားတဲ့ပုံစံနဲ့ အဖိုးတန်ပစ္စည်းတွေလည်း မရှိတော့တဲ့အပြင် နေအိမ်တွင်း ပစ္စည်းတွေပြန့်ကျဲနေတယ်လို့ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတချို့က ပြောပါတယ်။

ယခင်မှာတော့ စစ်ကောင်စီတပ်တွေ မြို့ပေါ်တွေမှာ ရှိနေပေမဲ့ လက်ရှိမှာတော့ ကင်းပုန်းပုံစံနဲ့ ရှိနေသေးတယ်လို့ သိရပါတယ်။ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ(၅၃၁)၊ ခမရ(၄၂၈)နဲ့ အမှတ်(၁၄) လေ့ကျင့်ရေးတပ် တို့ ရှိပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့အပြင် စစ်ကောင်စီဖမ်းဆီးနှိပ်စက်မှာကိုလည်း ကြောက်တဲ့အတွက် ကျေးရွာအတွင်း မနေထိုင်ရဲတာဖြစ်တယ်လို့ ဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts