spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

တစ်ရက်အတွင်း လွိုင်ကော်အရှေ့ခြမ်းကို စစ်ကောင်စီလက်နက်ကြီး ( ၁၈ ) လုံး ပစ်ခတ်ခဲ့၊ လူထိခိုက်မှုအပြင် နေအိမ်ပျက်စီးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက်တပ်ရင်း ခမရ (၅၃၀) တပ်ကနေ မတ်လ ၃ ရက်နေ့ တစ်ရက်အတွင်း ၁၂၀ မမ လက်နက်ကြီး ( ၁၈ ) လုံး ပစ်ခတ်ခဲ့ပြီး ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိသလို နေအိမ်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံကနေ သိရပါတယ်။

“ လက်နက်ကြီး ပစ်ခတ်ချိန်က နေ့ခင်း(၁)နာရီဝန်းကျင်မှာ ပစ်ခတ်တာ။လက်နက်ကြီး ၁၂၀ မမ (၁၈)လုံးခန့် ပစ်ခတ်ခဲ့တယ်။ လွိုင်လင်လေးအခြေစိုက်တပ်ဖက်ကနေ ပစ်ခတ်လာတာဖြစ်မယ်။”လို့ KnHRG တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့နှစ်ဦးကတော့ အသက်၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ်နှစ်လုံး နဲ့ လမ်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လွိုင်ကော် နဲ့ ဒီမော့ဆိုမြို့နယ်အတွင်းကို လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်လျက်ရှိတာကြောင့် လူထိခိုက်မှုအပြင် နေအိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် လုံခြုံရေးအထူးကရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts