spot_imgspot_imgspot_imgspot_img
Tuesday, December 24, 2024
spot_imgspot_imgspot_imgspot_img

တစ်သီးပုဂ္ဂလ ဝင်ရောက်မည့်သူ ပြည်နယ်အတွင်း ၁၃ ဦးရှိ

Author

Date

Category

ကရင်နီသူ


ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူတွေထဲမှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လူဦးရေသည် ၁၃ဦးရှိပါတယ်။

ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့်
လက်ရှိ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်အမှတ်(၅) ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ရှားမူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြန်လည်ရွေးခြယ်ခြင်းမခံရတဲ့အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

” ပြည်သူပေးလာတဲ့တာဝန်တွေကို တစ်ခေါက်မဟုတ်ရင် နှစ်ခေါက်၊ နှစ်ခေါက်မဟုတ်ရင် သုံးခေါက် ရအောင်လုပ်ဆောင်ပေးမယ်။ အရင်တုန်းကလည်း ဒီလိုပဲလုပ်ပေးခဲ့တယ်။ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အန်တီကတိမပေးဘူး ပြည်သူက တောင်းဆိုလာတဲ့ဟာ အန်တီလုပ်ပေးမယ်။ ″ လို့ ဒေါ်ဆားမူက ပြောပါတယ်။

တစ်သီးပုဂ္ဂလအနေဖြင့် ဒီးမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်းရိုမောင်းဒိုကလည်း ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းကိုအခုလိုပြောပါတယ်။

″ အဓိက ကျနော်ရဲ့ရည်ရွယ်ချက်က ၂၀၂၀မှာ နိုင်ခဲ့မယ်ဆိုရင် တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးကို ထိထိရောက်ရောက်နဲ့ အတတ်နိုင်ဆုံး၊ ကျနော်တို့ တောင်သူလယ်သမားက အရမ်းကြီးနိမ့်ကျတာကော ကျနော်တို့ ကယားပြည်နယ်မှာလေး။ အဲ့ဒါ ကျနော်တို့ တောင်သူလယ်သမားတွေ အများကြီးလိုအပ်တာကိုး။ ကျနော်တို့ပြည်နယ်မှာ အလုပ်လက်မဲ့တွေ အများကြီးရှိတာကို။ ပြန်ကြည့်လိုက်ပါ။ ကျနော်တို့တွေ အပင်လေးတွေက ဖြစ်လာတဲ့ဟာ ဈေးကွက်မရှိတာတွေလည်း ကျနော်တို့တွေ့ရတယ်။ ဒါ တောင်သူတွေ ရင်ဆိုင်ရတဲ့ အခက်အခဲပေါ့နော။ ဒါတွေကို လုပ်ပေးမယ်လို့ ကျနော်ရည်ရွယ်ချက်ရှိပါတယ်။″လို့ ပြောပါတယ်။

ခွန်းရိုမောင်းဒိုက ဒေါရောက်ခူကျေးရွာမှာ မွေးဖွားပြီး လက်ရှိ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာမှာ နေထိုင်တဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။ စိုက်ပျိုးရေးဒီပလိုမာဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး ယခင်က ကော်ဖီစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးပညာပေးကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ခွန်းရိုမောင်းဒို၏ရွေးကောက်ပွဲရည်ရွယ်ချက်မှာ(၁) ပြည်သူအနာဂတ်အတွက် ကောင်းစားဖို့ဆောင်ရွက်ပေးမည်၊ (၂) လယ်သမား၊ အလုပ်သမားများ အခွင့်အရေးနှင့် ဘဝသစ်ပြောင်းလဲတည်ဆောက်သွားမည်။ (၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးမခွဲခြားဘဲ ဖယ်ဒရယ်စနစ်သစ် တန်းတူညီတူ၊ မျှတမှုရှိအောင် ဖော်ဆောင်သွားမည် လို့ဆိုပါတယ်။

ဖရူဆိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမင်းသန့်ဇင်လတ်(ခ)မောင်ရိုးက ဖရူဆိုမြို့နယ်အကျိုးအလို့ငှါ အခြားသောပါတီတွေနဲ့ လက်တွဲလုပ်ဆောင်သွားမည်၊ သောက်သုံးရေဖူလှုံရေး၊ တောင်သူတွေကူညီပေးရေး၊ ဌာနေတိုင်းရင်းသားတို့ရဲ့ စာပေယဉ်ကျေးမှုတွေကို ဆောင်ရွက်ပေးရေး၊ အမျိုးသမီးနှင့် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေကို ကာကွယ်စောင့်ရှောက်ရေး/ ကူညီပေးရေး၊ လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးရေး၊ လူငယ်များ မူးယစ်သားကောင်မဖြစ်ရေးနှင့် အကျင့်စာရိတ္တမြင့်မားရေး၊ ကျောင်းသား/သူများ ဆုံးခန်းတိုင်ပညာသင်ကြားရေးနှင့် ပညာရည်မြင့်မားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းညှိရေး၊ လူတိုင်းသက်သာချောင်ချိစွာ ဆေးကုသခွင့်နှင့် ကျန်းမာသက်ရှည်စွာနေနိုင်ရေး၊ ဖရူဆိုမြို့နယ်အတွင်း အစိုးရရံပုံငွေပိုမိုချထားပေးရေး၊ မိဘပြည်သူများနှင့် အမြဲတမ်းတွေ့ဆုံ၊ အကြံညဏ်ရယူပြီး လိုအပ်ချက်များကို အစွမ်းကုန်ကြိုးစားဖော်ဆောင်ပေးမည်လို့ ကြွေးကြော်ထားပါတယ်။

ရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်တွင်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီ (၁၃)ပါတီရှိပြီး ကိုယ်စားလှယ်လောင်းအပါအဝင် ၂၇၂ဦး ဝင်ရောက်ယှဉ်ပြိုင်မည့်အထဲမှာမှ တစ်သီးပုဂ္ဂလကအနေနဲ့ ၁၃ ဦးပါဝင်ပါတယ်။

မြို့နယ်အသီးသီးမှ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတွေက လွိုင်ကော်မြို့နယ်မှာ (၁)ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ (၁)ဦး၊ ဖရူဆိုမြို့နယ်တွင်(၅)ဦး၊ ဘောလခဲမြို့နယ်မှာ (၁)ဦး၊ ဖားဆောင်းမြို့နယ်(၂)ဦး၊ မယ်စဲမြို့နယ်(၂)ဦးနှင့် ရှားတောမြို့နယ်(၁)ဦး စုစုပေါင်း ၁၃ဦးဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts