spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ရက်အတွင်း လွိုင်လင်လေးမြို့မှာ ပြည်သူ ၄ ဦးသေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ရက်နေ့မှာ စတင်ခဲ့တဲ့ ရှမ်း-ကရင်နီနယ်စပ်တိုက်ပွဲ အတွင်း စစ်ကောင်စီရဲ့ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ဦး သေဆုံးမှုရှိခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။

ရှမ်း – ကရင်နီနယ်စပ်ဖြစ်တဲ့ လွိုင်လင်လေးမြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရပ်ကွက်ထဲကို စစ်ကောင်စီဖက် ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ၊ အမျိုးသားသုံးဦး သေဆုံးခဲ့တယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“သေဆုံးတဲ့ပြည်သူတွေကိုတော့ ဆက်သွယ်ရေးအခြေအနေအရ အသက်အရွယ်နဲ့ ရက်စွဲကိုတော့ မသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ ဖြစ်ခဲ့တာကတော့ တိုက်ပွဲ ၄ရက်အတွင်းက တစ်ရက်ရက်ပဲပေါ့နော်။ အမျိုးသမီး ၁ဦး နဲ့ အမျိုးသားပါပေါ့”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ငါးဦးရှိကာ ကလေး တစ်ဦးအပါအဝင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်း – ကရင်နီနယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ တပ်စွဲစခန်းချထားတဲ့ လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စတဲ့နေရာတွေမှာ စက်တင်ဘာလ(၅)ရက်နေ့မှစပြီး ၈ ရက်နေ့အထိ ၄ရက်ကြာ တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲဝင် (၃၀)ဦးကျော်သေဆုံးကာ ၃ဦးအရှင် နဲ့ လက်နက်ကြီး/ငယ်အစုံ (၂၄)လက်အား သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် (Loikaw Local PDF) ၊ လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်( Loikaw PDF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ ရှမ်းတောင် အခြေစိုက်တပ်ဖွဲ့ စတဲ့တပ်ရင်းတွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်၊ လွိုင်လင်လေးနဲ့ ဆီဆိုင်မြို့ရဲ့ လမ်းမကြီး အနီးအနားတွေအပြင် ဒီးမော့ဆို-လွိုင်ကော် လမ်းမကြီးတစ်လျှောက်တွေမှာ စစ်ကောင်စီဖက် လှုပ်ရှားမှုတွေရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကြိုကြား ထိတွေ့မှုတွေရှိတာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts