spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲခဲ့

Author

Date

Category

ကန္တရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

“၆လုံးလောက်ရှိမယ်။ တစ်ခါကြဲရင် နှစ်လုံးဆိုတော့ ၆လုံးရှိမယ်ပေါ့။ သူတို့မြေပုံထဲမှာ ကြည့်တယ်လေ။ ကျနော်တို့လူရှိနိုင်မယ်လို့ ထင်တဲ့နေရာ၊ ရွာသားတွေရှိမယ် ထင်တဲ့နေရာကို တမင်သက်သက်ပစ်တာဖြစ်တယ်။ ဘောလခဲမှာတော့ လောလောဆယ် တိုက်ပွဲမဖြစ်ဘူး ကျနော်တို့ သူတို့(စစ်ကောင်စီ) ရဲ့စခန်းကို ဒရုန်းနဲ့ဗုံးသွားကြဲတယ်လေ။ စစ်ကူတောင်းဖို့ အဲ့လိုလုပ်တာဖြစ်တယ်။”လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ ကျေးရွာအတွင်း ဂျက်လေယာဉ်တစ်စီးနဲ့ ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကျေးရွာမှာ ဒေသခံအနည်းစု ရှိနေပြီး အများစုကတော့ ဒေသတွင်း တိုက်ပွဲဖြစ်ပွားချိန်ကစလို့ တခြားနေရာမှာ သွားရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ ဘောလခဲမြို့နယ်အတွင်းမှာတော့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီထိန်းချုပ်တဲ့ မြို့တွင်းနေရာမှာသာ အနည်းငယ် ကျန်ရှိတော့တာဖြစ်ပါတယ်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့၊ ညပိုင်းမှာလည်း အဆိုပါ ကျေးရွာထဲကို ဘောလခဲအခြေစိုက်တပ်ကနေ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ မယ့်စလောင်းတောင်စခန်းနဲ့ ရေကျော်တပ်စခန်းကို ၂၀၂၄ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

အောက်တိုဘာလအတွင်း ကရင်နီပြည်တွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် တော်လှန်ရေးတပ်ဖက်ကတော့ စစ်ကောင်စီအခြေစိုက်စခန်းရှိရာနေရာကို သွားရောက်ပစ်ခတ်မှုရှိတယ်လို့ ကရင်နီပြည်တပ်မတော်ထံကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts