spot_imgspot_imgspot_imgspot_img
Tuesday, March 4, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲသံကြောင့် တဝက်တပျက်ဖြစ်သွားတဲ့ ကျောင်းဆင်းပွဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ဒီမနက်တောင်မှ ဒီအပေါ်ဘက်မှာ တိုက်ပွဲဖြစ်တဲ့ လက်နက်ကြီးထုသံတွေ ပြီးတော့ လေယာဉ် သံတွေကြားရတော့လေ အစီအစဉ် မစခင် ဒီပထမပိုဒ်မှာ လူတွေ ပျံ့ကြဲသွားကြသေးတယ်”

ဒါကတော့ ၂၀၂၅ ခုနှစ်ရဲ့ မတ်လ ၃ ရက်နေ့ မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက အလယ်တန်းကျောင်း ကျောင်းဆင်းပွဲမှာ ကြုံတွေ့ခဲ့ရပုံကို ကျောင်းအုပ်ဆရာမကြီး က ပြန်ပြောပြတာပါ။

အဆိုပါ နေ့ ရဲ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ ကျောင်းဆင်းပွဲ အခမ်းအနားချိန်မှာပဲ ရွာရဲ့ မနီးမဝေးတနေရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲသံ ၊လက်နက်ကြီး၊ လက်နက်ငယ် သံတွေဟာ ကျောင်းဆင်းပွဲကို တက်ရောက်လာကြတဲ့ ကျောင်းသားမိဘတွေ၊ ကျောင်းသူကျောင်းသားတွေကို စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် အခမ်းအနားမပြီး ခင်မှာပဲ တချို့မိဘတွေက သားသမီးတွေကို အိမ်ပြန်ခေါ်သွားကြပါတယ်။

“တချို့တွေ ဆိုရင် ကလေးတွေကို စိတ်မချတော့ အိမ်ခေါ်ပြန်လိုက်တယ်။” လို့ ကျောင်းအုပ်ဆရာမကြီး က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခံမှု ၊ လက်နက်ကြီးပစ်ခတ်မှု မကြာခနကြုံတွေ့နေရတဲ့အထဲမှာ စာသင်ကျောင်းတွေလည်းပါပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်ပဲ အရပ်သားပစ်မှတ် ဖြစ်တဲ့စာသင်ကျောင်းတွေကို တိုက်ခိုက်လာတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် လည်း အထူးတလည် စိုးရိမ်ပူပန်မှုတွေတိုးနေကြတာပါ။

ကျောင်းတာဝန်ရှိသူတွေကတော့ ကျောင်းဆင်းပွဲ အခမ်းအနားကို ဆက်လုပ်ရမလား ဒါမှမဟုတ် နားလိုက်ရမလား ဆိုတာကို တွေဝေသွားကြပါတယ်။

ဒါပေမယ့်လည်း အဆိုပါ နယ်မြေ အနီးတစ်ဝိုက်မှာ တာဝန်ကျတဲ့ လုံခြုံရေးအဖွဲ့ တွေက ကျောင်းဆင်းပွဲ အခမ်းအနားကို ဆက်လုပ်လို့ရကြောင်း ပြန်လည်ပြောပြလာတဲ့ အချိန်မှသာ စိတ်အေးသွားရပြီး အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြပါတယ်။

ဒါကြောင့် တဝက်တပျက်သွားတဲ့ ကျောင်းဆင်းပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် အိမ်ပြန်သွားတဲ့ ကျောင်းသားတွေနဲ့ မိဘတွေကတော့ မပါဝင်နိုင်ကြတော့ပါဘူး။

အဆိုပါကျောင်းမှာ KG ကနေ G-9 ဖွင့်လှစ်ထားပြီး ကျောင်းသား/သူ စုစုပေါင်း ၂၀၀ နီးပါး ရှိပြီး ဆရာ/မ ဦးရေ ၁၃ ဦးနဲ သင်ကြားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၅ ရဲ့ မတ်လ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ ဒီဖြစ်စဉ်မျိုး အလားတူပဲ ကရင်နီက စာသင်ကျောင်းတွေမှာ မကြာခနဆိုသလို ကြုံတွေ့ရပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း ကချင်၊ ကရင် ၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တို့မှာ စာသင်ကျောင်း ၁၄၂ ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့အစီရင်ခံစာမှာပြောထားပါတယ်။

spot_img
spot_img
spot_img

Recent posts