spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲအတွင်းကျန်ရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရုပ်အလောင်းတစ်ချို့ကို KNDFက မြေမြုပ်သင်္ဂြိုလ်ပေးခဲ့

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်မြေပြင် တစ်နေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျန်ရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရုပ်အလောင်းတစ်ချို့ကို မြေမြုပ် သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ သေဆုံးသွားတဲ့ မိမိတို့ တပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည် ကောက်ယူလေ့ မရှိဘဲ လက်နက်တွေကိုသာ ပြန်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။ အဲ့လို ကျန်ရှိနေခဲ့တဲ့ ရုပ်အလောင်းကို KNDFက မီးရှို့ သင်္ဂြိုလ်ပေးခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” တိုက်ပွဲ ပြင်းထန်ဖြစ်ခဲ့တဲ့နေရာတွေပေါ့။ လပေါင်းများစွာကြာပေါ့။ အဲ့လိုနေရာတွေမှာ စစ်ကောင်စီရဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေက အများကြီးပဲ။ တချို့အလောင်းတွေက မရှိတော့ဘူး။ အဲ့ကတည်းက တိုက်ပွဲ တွေထဲမှာပဲ မီးရှို့ပေးလိုက်တာမျိုးတွေ ရှိတယ်။ သူ့ဟာသူပျောက်သွားတာမျိုးတွေလည်း ရှိတယ်။ တိုက်ပွဲတွေ နည်းနည်းပြန်ငြိမ်နေတဲ့ အချိန်မှာ ကျနော် တို့ ရှင်းလင်းရေး ပြန်လုပ်တယ်ပေါ့။ ကောက်ယူလို့ ရတဲ့ စစ်ကောင်စီရဲ့ ရုပ်အလောင်းတချို့ကျန်တယ်ပေါ့။ ထွေထွေထူးထူးလုပ်ပေးတာတော မဟုတ်ဘူး။ ကျနော်တို့အလုပ် ကျနော် လုပ်တာ။ အဲ့လိုလုပ်ရင်း စစ်ကောင်စီရဲ့ အလောင်းတွေတဲ့ အခါမှာတော ဒီအလောင်းတွေမြေမြုပ်ပေးလို့ ရသေးတယ်ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့ မြုပ်ပေးလိုက်တဲ့ ပုံံစံမျိုးပါပဲ”ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ အကြမ်းဘက်စစ်ကောင်စီနဲ့ ထိတွေ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လတ်တလောမှာ ငြိမ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“လက်ရှိ ဒီးမောဆို အရှေ့ဘက်ခြမ်းမှာတော တိုက်ပွဲ လေးတွေ နည်းနည်းပြန်ငြိမ်နေတယ်ပေါ့နော်။ ရန်ဖန်ရံခါပေါ့။ ကြိုကြားကြိုကြား တိုက်ပွဲ မျိုးတွေပဲ ရှိတယ်။ ထိတွေ့မှု အနည်းငယ် ဖြစ်တာပဲရှိတယ်။ လတ်တလောမှာတော့ တိုက်ပွဲ တွေ ငြိမ်နေတယ်ပေါ့။”လို သူကဆက်ပြောပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ပြီးခဲ့ ၂၀၂၃ မတ်လ ပထမပတ်မှာကတည်းက အကြမ်းဘက် စစ်ကောင်စီ ဟာ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဥ်နီးပါး ထိတွေ့ တိုက်ပွဲ တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts