spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

တောင်ကြီးမြို့အနီးအနားမှာ တိမ်းရှောင်နေတဲ့ ကရင်နီစစ်ဘေးရှောင်တွေ အရေပြားယားနာဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့အနီးအနားမှာ လာရောက်တိမ်းရှောင်ကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ အရေပြား ယားနာမှုဖြစ်ပွားနေကြပြီး ကုသဖို့ ဆေးဝါးလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ယားနာမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကလေးငယ် အပါအဝင် လူကြီးတွေလည်း ဖြစ်ပွားနေကြပြီး ငွေကြေးအပြင် ဆေးဝါးလိုအပ်တဲ့အကြောင်း တောင်းခံလာတာရှိတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဖြစ်ကြတာ ၂လလောက်ရှိပြီ။ အဲ့တာ ငွေကြေးမတတ်နိုင်ကြဘူးကော စစ်ရှောင်တွေဆိုတော့။ အစပိုင်းတော့ ဆေးဝါးတွေနဲ့ ကုကြတာရှိတာပေ့ါ။ ဆက်မကုနိုင်ကြတော့တာ အခုက လိမ်းဖို့ဖြစ်ဖြစ် သောက်ဖို့ဖြစ်ဖြစ်ပေါ့နော်။ ဆက်ကုနိုင်ဖို့ ဆေးဝါးတွေ ငွေကြေးတွေ လိုအပ်နေကြတယ်လို့ ပြောလာကြတယ်။”လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အရေပြား ယားနာမှု ဖြစ်ပွားနေသူတွေဟာ စစ်ရှောင်ဦးရေရဲ့ ထက်ဝက်ကျော်ရှိပြီး ၁၀ နှစ်အောက် ကလေးငယ်တွေ အဖြစ်များနေတာပါ။ ဝမ်းဗိုက် ၊ ကျော ၊ လက်ချောင်း ၊ ခြေထောက် စတဲ့နေရာတွေမှာ အများစု ယားနာကြပြီး မပျောက်ကင်းနိုင်ဘူးလို့ ဆိုပါတယ်။

“ယားနာတာက တစ်ခုခုကြောင့် ယားနာထွက်တယ်လို့ ပုံသေမပြောတတ်ဘူး။ ဘာလို့ဆို ရေကြောင့်လို့ပြောရင်လည်း သန့်တဲ့ရေသုံးနေတဲ့သူတွေတချို့မှာလည်း ယားနာမှုတွေ ဖြစ်ကြတာလည်းရှိတယ်။ ဆိုတော့ သူ့ဘာသူ ထွက်တဲ့ ယားနာမျိုးလည်းပဲ ပြောရမယ်ထင်တယ်။ အခုက ဒီမှာလည်း ရေမသန့်တာတို့ မရှိပါဘူး။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဆေးဝါးအပြင် ဆောင်းရာသီကာလဖြစ်တာကြောင့် အနွေးထည် ၊ စောင် လိုအပ်နေကြသလို လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖယ်ခုံ – ပင်လောင်းနယ်စပ်က တိုက်ပွဲတွေကြောင့် တောင်ကြီးမြို့ကို လာရောက်တိမ်းရှောင်ကြတာဖြစ်ပါတယ်။ အိမ်ခြေ ၃၀ ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင်ရှိကာ လွိုင်ကော် ၊ မိုးဗြဲ ၊ ဖယ်ခုံ မြို့က စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts