ဒါကတော့ ဖရူဆိုမြို့နယ် တောင်ပေါ်ဒေသတစ်နေရာမှာ ရိတ်သိမ်းထားတဲ့စပါးကိုပုတ်နေကြတာဖြစ်ပါတယ်။
မြို့ပေါ်ဒေသလို စက်ကိုအသုံးမပြုပဲ ဘိုးဘွားစဉ်ဆက် ရွာရဲ့ထုံးစံအတိုင်း လက််နဲ့ စပါးကို ရိတ်သိမ်းနေကြတာပါ။
စင်တစ်ခုပေါ်တင် လက်နဲ့ နာနာပုတ်ချပြီး စပါးချွေကျတဲ့အထိ ပုတ်ချရပါတယ်။
လူရဲ့ လုပ်အားကိုသာ အဓိကထားအသုံးပြုပြီး စပါးပုတ်ကြတာဖြစ်ပါတယ်။
အစဉ်အလာတစ်ခုကတော့ မိမိတောင်ယာရိတ်သိမ်းတဲ့ရက်မှာ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းက လာရောက်ပြီး ကူညီလုပ်ဆောင်ကြပါတယ်။
သုံးနှစ်တစ်ကြိမ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ရွေ့ပြောင်းတောင်ယာလုပ်ငန်းကို အဲဒီဒေသခံတွေက အားထားလုပ်ကိုင်ကြပါတယ်။
တောင်သူတွေဟာ ဒေသထွက် တောင်ယာစပါးကိုပဲ မိမိဝမ်းစာအတွက် တစ်နှစ်စာဖူလုံအောင် စိုက်ပျိုးနေကြရတာပါ။
အဲ့ဒီဒေသဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမကြာခဏ စစ်ကြောင်းထိုးခဲ့ဖူးပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးတဲ့ ဒေသတစ်နေရာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေဟာ မိမိရပ်ရွာကို ပြန်လည်နေထိုင်ကြပြီ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။
သို့ပေမယ့် လက်နက်ကြီးကျရောက်မှာကိုတော့ ဒေသခံတွေက စိုးရိမ်ပူပန်မှုရှိကြဆဲ ဖြစ်ပါတယ်။