spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေး နှစ်နှစ်တာကာလအတွင်း  KNDF ရဲဘော် (၁၅၃) ဦး ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ နှစ်နှစ်တာအတွင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ရဲ့ ရဲဘော် (၁၅၃) ဦး ကျဆုံးသွားခဲ့ရတယ်လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“KNDF ကိုဖွဲ့စည်းတည်ထောင်ပြီး  ဒီကနေ့ ဒီအချိန်အထိ တိုက်ပွဲမှာ တိုက်ပွဲမှာ ရွံ့ရွံ့ချွန်ချွန်တိုက်ခိုက်ရင်းနဲ့ ကျနော်တို့ တိုက်ပွဲမှာ ကျနော်တို့ ရဲဘော် ၁၅၃ ဦးပေါ့နော။ ဒါ ဒီလပိုင်းစာရင်းအချုပ်မှာ ကျဆုံးခဲ့ရတဲ့ အခြေအနေမျိုးဖြစ်ပြီးတော့မှ ဒီထိခိုက်ဒဏ်ရာရမှုတွေကလည်း အကြီးစားထိခိုက်ဒဏ်ရာရမှုတွေကလည်း ၇၀ ကျော်ရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။” လို့ ခွန်းဘီထူးက ပြောပါတယ်။

တိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို ဖော်ဆောင်နိုင်ခဲ့သလို စစ်ကောင်စီ စခန်းငယ်သိမ်းယူမှု ၁၀ ခုမှာလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ပေါင်း ၆၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သလို KNDF အနေနဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ဝယ်ယူ သိမ်းဆည်းတဲ့အပိုင်းပိုမိုကောင်းမွန်လာတယ်လို့ KNDF နှစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

လက်ရှိ KNDF မှာရှိတဲ့ ရဲဘော်တွေဟာလည်း တော်လှန်ရေး နှစ်နှစ်အတွင်း တိုက်ရည်ခိုက်ရည် သိသိသာသာ တိုးတက်လာတယ်လို့လည်း ခွန်းဘီးထူးက ဆက်ပြောပါတယ်။

“ ကျနော် KNDF ဥက္ကဌဖြစ်တဲ့အခါမှာ ကျနော်တို့ ဦးဆောင်မှုတွေပျက်ကွက်တဲ့အခါတိုင်းမှာ ကျနော်တို့ရဲ့တပ်မှူးတွေက ဒီတာဝန်ဝတ္တရားကို ကျေကျေပွန်ပွန်နဲ့ယူပါတယ်။ သူတို့ ကျေပွန်ရုံမကဘူး။ သူတို့ကြိုးစားတဲ့ဟာတွေထက် ရဲဘော်တွေတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့ ခိုင်မာတဲ့ ခံယူချက်တွေက ရှေ့မှာ ရောက်နေတယ်။ သူတို့တွေက ဒီဟာကို ခိုင်ခိုင်မာမာဆက်သွားမယ် နောက်ဒီစည်းကမ်းတွေရှိရမယ်။ ပြီးရင်တော့ ဒီရန်သူကို ချေမှုန်းနိုင်ရမယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်ပြီးတော့ လုပ်သွားတဲ့အတွက် ဒါက သူတို့တွေရဲ့ အောင်မြင်မှုတွေပဲပေါ့နော။ ခဏက ပြောတဲ့ တပ်ဖွဲ့အင်အားတိုးတာထက် ကျနော်တို့ အဓိကကျတဲ့  စိတ်ဓာတ်အင်အားနဲ့ အရည်အချင်းပိုင်းတွေကို ပိုင်ဆိုင်တာက KNDF ရဲ့ အနစ်သာရကျဆုံး အရာတွေဖြစ်ပါတယ်။” လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

KNDF အဖွဲ့ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပြီး လက်ရှိမှာ တခြား တော်လှန်ရေးအဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။ ကရင်နီပြည်မှာ တော်လှန်ရေး နှစ်နှစ်ကာလအချိန်အထိ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေကြဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts