spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးကာလမှာ လူ့စွမ်းအားအရင်းအမြစ်ဖြည့်ဆည်းနိုင်ဖို့ ကရင်နီလူမှုသိပ္ပံကောလိပ် အတန်းရဲ့ အပတ်စဥ်(၂) အတွက် သင်တန်းသားခေါ်ယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့ လူငယ်တွေ တော်လှန်ရေးကာလအတွင်းမှာ အဆင့်မြင့်ပညာရေးအခွင့်အလမ်းကို လက်လှမ်းမှီနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှုသိပ္ပံဒီပလိုမာအတန်း ရဲ့ အပတ်စဉ် (၂) အတွက် သင်တန်းသားတွေကို ခေါ်ယူနေပါတယ်။

တော်လှန်ရေးကာလအတွင်း နဲ့ ပြန်လည်တည်ဆောက်ရေးကာလမှာပါ မြေပြင် လိုအပ်ချက်တွေမှာ ပါဝင်ကူညီဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလို အဆင့်မြင့်ပညာရေး အစီစဥ်ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ ဒါရိုက်တာ ခင်စန္ဒာညွှန့်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီလိုပြုလုပ်ခြင်းအားဖြင့်လည်း လက်ရှိ ကရင်နီပြည်ရဲ့ လက်ရှိ တော်လှန်ရေးကာလ မြေပြင်မှာ လူ့အစွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆသလို ဒီတော်လှန်ရေးကာလအလွန်မှာလည်းပေါ့နော် ပြန်လည်တည်ဆောက်ရေးကာလမှာလည်း ဦးဆောင်ပါဝင်နိုင်မည့် လုပ်နိုင်မည့်လူငယ်တွေအဖြစ် ဒီလူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက် ကို အခုကတည်းက စတင်ဖြည့်ဆည်းဖို့ ကြိုးစားတဲ့အရာလည်းဖြစ်ပါတယ်။”လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ ဒါရိုက်တာက ဆိုပါတယ်။

သင်ကြားရေးကာလ ၁၈ လထဲမှာတော့ Foundation Course ၆ လ အနေနဲ့ Academic English ၊ Introduction to Computers and Office Soft wares ၊ Digital Literacy ၊ Introduction to Social Science ၊ Introduction to Political Science ၊ Introduction to Anthropology ၊ Introduction to Research ၊ Environmental Studies ၊ Karenni History စတဲ့ ဘာသာရပ်တွေ သင်ကြားသွားမှာဖြစ်ပါတယ်။

၁နှစ်ကြာမြင့်မည့် Intensive Course မှာတော့ Community Development ၊ Local Economy and Social Enterprise ၊ Media and Journalism ၊ Political Science ၊ Gender Studies စတဲ့ မေဂျာအလိုက် သင်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ပညာရေးအစီအစဥ်ကို လျှောက်ထားလိုသူတွေထဲ တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လျှောက်ထားနိုင်ဖို့ကိုလည်း ဖိတ်ခေါ်တယ်လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ ဒါရိုက်တာက အခုလို ဆက်ပြောပါတယ်။

“လျှောက်လို့ ရတဲ့ ဒီထဲမှာ ကျမတို့ တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေပေါ့နော်။ပညာဆက်သင်ဖို့ စိတ်အားထက်သန်တယ် ၁၈လအချိန်လည်းပေးနိုင်တယ်ဆိုရင် ကျမတို့ ဒီတော်လှန်ရေးရဲဘော်တွေအတွက် ကျမတို့ နေရာသီးသန့်ဖယ်ထားတာရှိပါတယ် အဲ့လိုဆိုတော့ လျှောက်ထားကြဖို့လည်း ဖိတ်ခေါ်ပါတယ်”လို့ သူကဆိုပါတယ်။

ကရင်နီလူမှုသိပ္ပံကောလိပ် အတန်းရဲ့ အပတ်စဥ်(၂) ကို ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဝင်ခွင့်လျှောက်လွှာကို လက်ခံသွားမှာဖြစ်ပါတယ်။ ကရင်နီပြည်အတွင်းမှာနေထိုင်ကြပြီး မတူညီ ကွဲပြားတဲ့ ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ က လူငယ်ဦးရေ ၄၀ ကို ရွေးချယ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။

အဆိုပါ ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းဟာ နွေဦးဂုရုပညာရေးစင်တာကနေ ကရင်နီလူမှုသိပ္ပံဒီပလိုမာကို ပြောင်းလဲဖွင့်လှစ်လိုက်တဲ့ ကောလိပ် ဖြစ်ပါတယ်။

spot_img
spot_img

Recent posts