spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးကာလ ကျောင်းနေအရွယ်ကလေးများရဲ့ ပညာသင်ကြားခွင့် အခြေအနေ (စကားဝိုင်း)

မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲ့ ထက်ဝက်ကျော်တဲ့ လူဦးရေဟာ တောတောင်တွေထဲကို စစ်ဘေးရှောင်နေကြရတာ တစ်နှစ်ကျော်ရှိလာခဲ့ပါပြီ။ စစ်ဘေးရှောင်တွေထဲမှာတော့ ကလေးနဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်ပါတယ်။

ကိုဗစ်အခြေအနေကြောင့်အပါအဝင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ကလေးများ ကျောင်းမတက်နိုင်တာ သုံးနှစ် နီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ Online မှာ လေ့လာနိုင်ရန် ဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် ကြားကာလ ပညာရေးကို အသိအမှတ်ပြုပြီး တိုင်းနဲ့ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ NUG အနေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပညာရေး ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားခဲ့ပါတယ်။

ကရင်နီပြည်ရှိ ကျောင်းနေအရွယ် စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားခွင့် ဘယ်လိုရှိနေပါသလဲ။ စစ်ဘေးရှောင်နေရတဲ့ မိဘတွေအနေနဲ့ မိမိ သား၊ သမီးတွေအတွက် ဘယ်လို စီမံထားပြီး စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းနေကြရပါသလဲ စတာတွေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) ရဲ့ လစဉ်စားဝိုင်းမှာ ဆွေးနွေးတင်ဆက်ထားပါတယ်။

ဦးဆောင်ဆွေးနွေးသူ

မော်ဦးမြာ – ကန္တာရဝတီတိုင်း(မ်)

ပါဝင်ဆွေးနွေးသူများ

မသဲမြာ – ကယားလီဖုလူငယ် ပညာရေးတာဝန်ခံ
ကလုရယ် – ကျောင်းသားမိဘ

အပြည့်အစုံကို အောက်ပါဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

spot_img
spot_img