ထန်တလန်မြို့အပေါ် အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို KSCC ပြင်းထန်စွာ ရှုတ်ချ

ကန္တာရဝတီတိုင်း(မ်) ချင်းပြည်နယ်အပြင် နိုင်ငံတော်တစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုး ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်ထန်ထန်ရှုတ်ချကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ “ တိုက်ပွဲဖြစ်တာက တောထဲတောင်ထဲဖြစ်တာမဟုတ်ဘဲနဲ့ မြို့ပေါ်မှာဖြစ်တယ်။ အိုးအိမ်တွေပျက်စီးတယ်။ လူထုတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံရတယ်။ လူထုတွေကတောထဲတောင်ထဲ ပုန်းအောင်းနေရတယ်။ အစာရေစာမလောက်မငှ၊ ဆေးဝါးမလောက်နဲ့ နောက်ပြီး ကိုဗစ်ကပ်ရောဂါလည်းရှိနေတဲ့အချိန်မှာ ဒီလိုမျိုး ပြန်စရာနေစရာမရှိအောင် ဖြစ်သွားတယ်။ ဒါကတော့ ပြောမယ်ဆိုရင် လူသားမျိုးနွယ်စုဆိုင်ရာ ရာဇဝတ်မှုကို ကောင်းကောင်းကြီးကျူးလွန်နေတာပဲဖြစ်တယ်။ ဆိုတော့ အဲ့ဒီအတွက်ကို ထပ်တူခံစားရတယ်။ ဒါကြောင့်မလို့ ကျနော်တို့ပြည်နယ်မှာလည်း အဲ့လိုဖြစ်ရပ်တွေရှိတယ် ဒါကို ကျနော်တို့အနေနဲ့ ရှုတ်ချတယ်။ ကျနော်တို့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြတဲ့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သဘောပါပဲ။” လို့ ကရင်နီအတိုင်ပင်ခံကောင်စီ … Continue reading ထန်တလန်မြို့အပေါ် အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို KSCC ပြင်းထန်စွာ ရှုတ်ချ