spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

ထပ်မံ စစ်ရှောင်ကြတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်က စစ်ရှောင်လူထုတွေအကူအညီမရရှိသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ပထမအပတ်ကစပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နဲ့ ဖယ်ခုံမြို့ရဲ့ နယ်စပ်တွေမှာ တိုက်ပွဲတွေကြောင့် ထပ်မံ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်လူထုတွေအတွက် လိုအပ်တဲ့ အကူအညီတွေမရရှိသေးဘူးလို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။

“လှူပေးမယ့် လူလည်းတစ်ယောက်မှမရှိဘူး။ သူတို့ကို ကယ်ထုတ်ဖို့ ဆွဲထုတ်ဖို့ဆိုတာလည်း မရဘူးဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ အဲ့ဖက်ကိုသူတို့ဆီကို သွားပြီး လှူဒါန်းပေးနိုင်ဖို့ကြတော့ ကျမတို့က ဘယ်လိုဝင်ပြီး ပေးရမလဲဆိုတာကလေနော် ပစ္စည်းတွေဝယ်ပြီးတော့မှ သူတို့ဆီဝင်လို့မရဘူးပေါ့နော်။ အခုသူတို့ရှိတဲ့နေရာမှာ ကျမတို့ ရောက်အောင် ဘယ်လို သွားပြီး လှူပေးရမလဲဆိုလို့ရှိရင် သူတို့ ရှိတဲ့နေရာမှာ ရိက္ခာတွေပဲ ဝယ်ပြီးတော့ပေါ့နော်။ ရိက္ခာတွေ အဲ့မှာပဲဝယ်ပြီးတော့ အဲ့မှာပဲ ပြန်လှူပေးရမှာပေါ့နော်” လို့ စစ်ရှောင်တွေကို သွားရောက်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်လူထုတွေ တိမ်းရှောင်ကြတဲ့ နေရာအထိ သွားရောက်နိုင်ဖို့ လမ်းတွေမှာဖြတ်သန်းရမယ့် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ များတာကြောင့် ငွေကြေးအကူအညီကသာ အဆင်ပြေမှာဖြစ်တယ်လို့ အဆိုပါ စစ်ရှောင်တွေကို သွားရောက်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။

ပင်လောင်း-ဖယ်ခုံနယ်စပ်ဖက်က စစ်ဘေးတိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူ ၂သောင်း ဝန်းကျင်ရှိကာ စားနပ်ရိက္ခာတွေအပြင် အမိုးအကာတွေ လိုအပ်လျက်ရှိနေကြတယ်လို့ဆိုပါတယ်။

ဒါအပြင် လိုအပ်တဲ့အကူအညီတွေ လက်ရှိအချိန်ထိမရကြသေးတာကြောင့် ကူညီဆောင်ရွက်ပေးနိုင်မယ့် အလှူရှင်တွေကို ဖိတ်ခေါ်ချင်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts