spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနယ်စပ်ရောက် ဘောလခဲ စစ်ရှောင်လူငယ်တွေကနေ ဒုတိယအကြိမ် “ဘောလခဲဒေသ ကယားလီဖု လူငယ်” ညီလာခံကျင်းပ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ အောက်တိုဘာလ (၁၅) ရက်နေ့မှာ ထိုင်းနယ်စပ်ရောက် ဘောလခဲစစ်ရှောင်လူငယ်တွေကနေ ဒုတိယအကြိမ် “ဘောလခဲဒေသ ကယားလီဖု လူငယ်” ညီလာခံကို ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၁၅) ရက်နေ့မှာ ညီလာခံ ကျင်းပပြုလုပ်တဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြပါတယ်။

“စစ်ရှောင်အသီးသီးမှာ ရောက်နေကြတဲ့ လူငယ်တွေ ပြန်လည်စုစည်းမိအောင်နဲ့ ရိုးရာယဉ်ကျေးမှုကို ပိုမိုတန်ဖိုးထားအောင်၊ ကျနော်တို့ လူငယ် လုပ်ဆောင်ချက်တွေကို မိဘပြည်သူတွေ သိရှိအောင်လို့လည်းပါတယ်။ ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျနော်တို့ လူငယ်ကို ပိုမိုအပြန်အလှန်တွေ့ဆုံဆွေးနွေးနိုင်ပြီး လူငယ်ကို လက်တွဲခေါ်နိုင်အောင် လူငယ်ရဲ့ အလုပ်အကိုင်တွေကို တန်ဖိုးထားပေးဖို့အတွက် ဖြစ်တယ်။ ပြီးတော့ အဖွဲ့အစည်းအနေနဲ့ လူငယ်တွေရှိနေတယ် ဆိုတာကိုလည်း အသိပေးချင်လို့ လုပ်ဆောင်ခြင်းဖြစ်တယ်။” လို့ အဆိုပါ တာဝန်ရှိသူ လူငယ်တစ်ဦးက ပြောပါတယ်။

နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ရှိသလို ၊ ကျောင်းပညာရေးပိုင်းမှာလည်း ဆက်လက် ကူညီသွားဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဘောလခဲဒေသ ကယားလီဖု လူငယ် အဖွဲ့အစည်းကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရည်ရွယ်ချက် (၇)ချက်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြုလုပ်တဲ့ ညီလာခံကို အမျိုးသမီးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မိဘပြည်သူတွေ အပါအဝင် လူဦးရေ (၂၀၀) ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts