spot_imgspot_imgspot_imgspot_img
Friday, September 20, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားနေ့ အကြိုပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လာမယ့် စက်တင်ဘာလ ၂၁ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် အကြို အခမ်းအနားကို ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့ပူးပေါင်း ဦးဆောင်ပြီး ယနေ့ စက်တင်ဘာလ၁၉ ရက်နေ့ ၊ ထိုင်း-ကရင်နီနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကရင်နီပြည် သာမက အခြားသော တိုင်းဒေသတွေမှာလည်း စစ်ရေး ပဋိပက္ခကြောင့် ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသလို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ခံနေရတာကြောင့် အပြန်အလှန် ဝေမျှ ခံစား အားပေးနိုင်ဖို့ အခမ်းအနားပြုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

အခမ်းအနားမှာ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ကနေ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ နဲ့ အခမ်းအနားပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြတာ၊ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ လုပ်ရှားဆောင်ရွက်မှုတွေကို မျှဝေတာ၊ မြန်မာ့အမျိုးသမီး သမဂ္ဂ ရဲ့လုပ်ရှားဆောင်ရွက်မှုတွေ ကို မျှဝေတာ၊ ရုပ်သံဇာတ်လမ်းပြုသတာတွေ နဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူသွားသော အာဇာနည်သူရဲကောင်းတွေအတွက် အမှတ်တရ ဂုဏ်ပြုတဲ့အနေဖြင့် ၁မိနစ်ငြိမ်သက်ဆုတောင်းတာ စတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် အခမ်းအနားတက်ရောက်လာကြတဲ့ သူတွေရဲ့ ငြိမ်းချမ်းရေးအပေါ် မတူညီတဲ့ ထင်မြင်ချက်တွေကို မျှဝေကြပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နေရာအနှံအပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ကရင်နီဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အကြိုအခမ်းအနားမှာ မြန်မာ့အမျိုးသမီးသမ္မဂ (BWU) မှ ဖွဲ့စည်းတည်ထောင်သူနဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူးအပါအဝင် လူထု ၁၅၀ ဝန်းကျင် တက်‌​ရောက်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts