spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း – ကရင်နီနယ်စပ်မှာ ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ လေယာဉ်သံတွေကြောင့် စစ်ရှောင်တွေ ထိတ်လန့်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန့်နေ့( ဩဂုတ်လ ၂၀ ) ညနေ ၃ နာရီဝန်းကျင်မှာ ထိုင်း- ကရင်နီ နယ်စပ်မှာ ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေကြောင့် ထိုင်းနိုင်နယ်စပ် မှာ ယာယီခိုလှုံနေတဲ့ ဒေါနို့ကူးစစ်ဘေးရှောင်လူထုတချို့ ထိတ်လန့်ပြီး ထွက်ပြေး ပုန်းရှောင်မှုတွေရှိခဲ့တယ်လို့ အဆိုပါ စစ်ရှောင်စခန်းကို ရောက်ရှိနေသူ တစ်ဦးက ပြောပါတယ်။

“သူတို့လေယဥ်သံကြားတာနဲ့ သူတို့ထွက်ပြေးကုန်တာပေါ့နော်။ မလုံခြုံဘူးဆိုတဲ့ သူတို့ စိတ်ထဲမှာ အဲ့လိုမြင်တွေ့ရတယ်။ ကျတော်တို့ကို လာကြဲသွားမလားဆိုတဲ့ အနေအထားကို မြင်တွေ့ရတယ်၊ ပြည်သူတွေ ဖရိုဖရဲဖြစ်ကုန်တာပေါ့။ ဥပမာရေချိုးနေတန်းလန်း အမျိုးသမီး တစ်ယောက်ဆိုလည်း ခေါင်းပေါ်မှာ ခေါင်းလျှော်ရည် ကျန်နေသေးတာပေါ့နော်။ အဲ့တာနဲ့ ထွက်ပြေးပြီးတော့မှ ရှိတဲ့ အဝတ်စားလေးနဲ့ ထွက်ပြေးတယ်”လို့ အဆိုပါ အဖြစ်အပျက်ကို တွေ့မြင်ခဲ့ရသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ ဒေါနို့ကူး စစ်ဘေးရှောင် စခန်းကို ပြီးခဲ့ ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီရဲ့ လေတပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာပြီး ယာယီနေထိုင်ခွင့်ရနေကြသူတွေဖြစ်ပါတယ်။

စစ်ဘေးရှောင်တချို့ဟာ အဆိုပါအဖြစ်အပျက်တွေကြောင့် စိတ်ပိုင်းထိခိုက်ခံစားမှုတွေရှိပြီး လေယာဉ်သံ၊ဗုံးသံတွေကြားတဲ့အခါမှာ ထိတ်လန့် နေကြတယ်လို့ အဆိုပါ စစ်ရှောင်စခန်းကိုရောက်ရှိနေသူက ဆက်ပြောပါတယ်။

“စစ်ရှောင်လူထုတွေဟာ သူတို့ စိတ်ထဲမှာ လေယဥ်သံကြားတာနဲ့ ထွက်ပြေးဖို့သာ ပြင်ဆင်နေကြတာကိုလည်း မြင်နေရပါတယ်” လို့ စစ်ရှောင်စခန်းကိုရောက်ရှိနေသူက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ လေယာဉ်၊ နဲ့ ရဟတ်ယာဉ်တွေ ဟာ တပ်စခန်းတွေကို လက်နက်၊ ရိက္ခာတွေကို လာရောက်ဖြည့်တင်းတာဖြစ်နိုင်ပြီး ဗုံးကြဲ တိုက်ခိုက်မှု မရှိခဲ့ဘူးလို့ ကရင်နီတပ်မတော် KAရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“ပစ္စည်းလာချတာ လူနာသယ်ပြန်တာဖြစ်မယ်။ ပစ္စည်းဆိုတာက အစားအသောက်တွေပေါ့။ ခဲယမ်းတွေပါလည်းပါမှာပေါ့။ အဲ့တာ ပစ္စည်းတွေလို့ပြောလို့ရတယ်လေ။ ခန့်မှန်းခြေတော့ လာချသွားတာပေါ့နော်။ လေယာဥ်တော့ မပစ်ချဘူး ဗုံးတော့မကြဲဘူး။ ဂျက်ဖိုက်တာက အပေါ်မှာသွားတယ် နောက် ရဟတ်ယဉ်က အောက်မှာလာတာပေါ့နော်။ အဲ့လိုမျိုးလုံခြုံရေးယူပေးတယ်။” လို့ ကရင်နီတပ်မတော် KAရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် ၉၀၀၀ ကျော်ရှိနေပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေါနို့ကူးစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိနေပါတယ်။

spot_img
spot_img

Recent posts