ထိုးစစ်သတင်းတွေကြား ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ

ကန္တာရဝတီတိုင်း(မ်) ကရင်နီ-ရှမ်းပြည်နယ်စပ်ရှိ တောင်ယာ၊ လယ်ယာသွားတဲ့ လမ်းတစ်လျှောက် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးစစ်ဆေးမှုရှိနေပေမယ့် မိုးဗြဲမြို့ဒေသခံတောင်သူတွေ သီးနှံရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ကြောက်လန့်မှုတွေကြားက သွားလာနေရတဲ့အပြင် ထိုးစစ်သတင်းတွေကြားက ညအချိန်ထိ သီးနှံတွေကို ရိတ်သိမ်းနေရတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။ “အများကြီးရင်းလိုက်ရတယ်။ ဒီတစ်ခေါက်မှ မရိတ်ရဘူးဆိုရင်တော့ စားနပ်ရိက္ခာကိစ္စ အဓိကကတော့ ဒီဖက်မှာက လယ်ကို အဓိကစီးပွားရေးလုပ်တာဆိုတော့ ဒါမှမရဘူးဆိုရင်တော့ ကျနော်တို့မှာ တခြားဘာစီးပွားရေးမှမရှိတဲ့ တောင်သူလယ်သမားတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးပေါ့။ ဒါကြောင့်မို့လို့ ဘယ်လောက်ပဲ ထိုးစစ်ဆင်မယ်လို့ သတင်းပဲကြားကြား သူတို့တော့ မပြေးတော့ဘဲနဲ့ စက်တွေနဲ့ပဲ ည ၉နာရီ ၁၀နာရီအထိ ရိတ်နေရတဲ့ အနေအထားမှာ ရှိတယ်။” လို့ မိုးဗြဲမြို့ ကွက်သစ်ရပ်ကွက် မှ ဒေသခံတောင်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေကို … Continue reading ထိုးစစ်သတင်းတွေကြား ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ