spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ထူးချောင်းစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက် ၊ စစ်ကောင်စီတပ်သား စခန်းစွန့်ခွာထွက်ပြေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲ နဲ့ ဖားဆောင်းမြို့နယ် အကြားမှာရှိတဲ့ ထူးချောင်းစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့ကနေ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စခန်းကုန်းအတွင်းက စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်း သိမ်းပိုက်ရရှိထားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအပြင် လူထုတွေ သွားလာရေးမှာ ပိုအဆင်ပြေစေတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း (မ်) ကို‌ပြောပါတယ်။

“ သူတို့(စစ်ကောင်စီ)စခန်းသိမ်းလိုက်တော့ ကျနော်တို့ နယ်မြေအများကြီး ကျယ်ပြန့်သွားတာပေ့ါ။ အသွားအလာလည်း လွယ်တာပေါ့လေ။ အဓိက ထူးချောင်းစခန်းကလည်း အရေးကြီးတဲ့ နေရာဖြစ်တယ်ဆိုတော့ ကျနော်တို့ရသွားတာတော့ ကျနော်တို့ အများကြီး အကျိုးသက်ရောက်မှုအများကြီးရှိတာပေ့ါ။ ကျနော်တို့ တပ်အတွက်မကဘူး လူထုအတွက်လည်း အများကြီး သွားလာလှုပ်ရှားတာ လုပ်ကိုင်စားသောက်တာ ပိုပြီးအဆင်ပြေတာပေါ့” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

အဆိုပါစခန်းကုန်း ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက ဒရုန်းနဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ရက်နေ့ မနက်မှာတော့ စခန်းကုန်းတစ်ခုလုံး သိမ်းပိုက်ရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ စစ်ဆင်ရေးအတွင်း ဖားဆောင်း PDF ၊ KA Drone Force နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖားဆောင်း PDF က ထုတ်ပြန်ထားတာရှိပါတယ်။

ဘောလခဲခရိုင်အတွင်းမှာ အရေးပါတဲ့ စစ်ကောင်စီစခန်းကုန်းတွေဖြစ်တဲ့ မယ်စလောင်းတောင် စခန်း၊ ရေကျော်စခန်း နဲ့ ထူးချောင်းစခန်းတွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပါတယ်။

spot_img
spot_img

Recent posts