အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ၂၂ နှစ်အတွင်းမိုးဗြဲ ဆည်ရေ အနည်းဆုံးရေ အမှတ်သို့ရောက်ရှိပြီး နွေစပါးအတွက် လျာထားဧကရဲ့ ၄ပုံ ၁ပုံသာ ပေးနိုင်မည်ဆိုတဲ့ သတင်း၊ ကိုဗစ်ကာလအတွင်း ဖားဆောင်းမြို့ ဆိပ်ကမ်းရှိစက်လှေသမားတွေရဲ့ကုန်တွေကို အကြိမ်ရေလျော့ချသယ်ဆောင်နေရတယ်ဆိုတဲ့သတင်းနဲ့ ” နှစ်ပေါင်းခြောက်ဆယ် လျှပ်စစ်ဓါတ်အားထုတ်ပေမယ့် ကျေးလက်နေသူတွေခံစားခွင့် မရနိုင်ကြသေး” ဆိုတဲ့ ဆောင်းပါးလေးအပြင် ဒီတစ်ပတ်သီချင်းလက်ဆောင် အစီအစဉ်ကနေ တေးရေး၊ တေးဆို = အယ်ကလိုထူး ရဲ့ “ကိုယ်တို့နှစ်ယောက်ရဲ့ကမ္ဘာငယ်လေး” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်တို့ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။