spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ဒီးမောဆိုမြို့အရှေ့​​​ခြမ်းကို လက်နက်ကြီး အကြိမ်ရေများစွာ ပစ်ခတ်နေ

Author

Date

Category

ကေးဒူ / ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမောဆိုမြို့ အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်ရင်းနဲ့ အမတ ၃၆၀တပ်ကနေ ဒီကနေ့ မနက်ပိုင်း ၉နာရီကစ ညနေပိုင်းထိ လက်နက်ကြီးအကြိမ်ရေ များစွာပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“၁၀၂ တပ်အပြင်ကို လောပီတ လွိုင်ကော်သွားတဲ့လမ်းက ၃၆၀ တပ်လေ အ့တပ်ကလည်းပစ်တယ်။ မနက်၉နာရီကနေစပစ်တာ အခုထိလည်းပစ်နေသေးတယ်။ ၅မိနစ် ၁၀မိနစ်ခြားလောက် ထွက်ထွက်လာတယ် အရှေ့ဖက်ခြမ်းကို ဦးတည်ပြီးတော့ ပစ်ဖို့ပဲများတယ်။ ပစ်တဲ့အကြိမ်ရေတွက်ရင်တော့ မရေနိုင်တော့ဘူး မနက်ကတည်းကဆိုတော့လေ။
၁၀၂တပ်ကပစ်လိုက် အမြောက်တပ် ၃၆၀တပ်က ပစ်လိုက်နဲ့။ လက်နက်ကြီးအသံပဲကြားရတယ် လက်နက်ငယ်သံတော့မကြားရသေးဘူး။” လို့ ဒီးမော့ဆိုမြို့ဒေသခံတစ်ဦးက ညနေပိုင်းမှာ ပြောပါတယ်။

ဒီးမော့ဆိုမြို့အရှေ့ဖက်ရှိ နန်းဟူးတွေ ၊ ဒေါစဲ ကျေးရွာ ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနိုင်တဲ့အတွက် လက်နက်ကြီးပစ်ကူသုံးပြီး ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာထိခိုက်မှုအခြေနေကို မသိရှိရသေးပါဘူး။ ဒီကနေ့မှာလက်နက်ကြီး အပြင် ကင်းထောက်လေယာဥ် ပျံသန်းလာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာ လက်နက်ကြီးကျရောက်ပြီး လူထိမှန်သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာရှိတဲ့အတွက် ဒေသခံ၊ စစ်ရှောင်တွေက လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်မှုကို စိုးရိမ်လျက်ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ဒီးမော့ဆိုအရှေ့ခြမ်းကျေးရွာတချို့နဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီလက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ပြီး စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၊ စစ်ရှောင်ဦး​​ရေ သုံးထောင်ကျော်ဟာ ထပ်ဆင့်စစ်ဘေးရှောင်ခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts