spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အတွင်း နေရပ်မပြန်ကြသေးဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြည်သူလူထုတွေအနေနဲ့ နေရပ်မပြန်ကြသေးဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

နေရပ်မပြန်ခိုင်းသေးသည့်အကြောင်းအရင်းမှာ ဒီးမော့ဆိုမြို့ဟာ လက်ရှိအချိန်အထိ စစ်မြေပြင်ဖြစ်နေသေးကြောင်း၊ နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးသည့်အကြောင်း၊ လက်နက်ကြီးတွေ အချိန်မရွေးကျရောက်နိုင်တဲ့အပြင် ဗုံးကျဲတိုက်ခိုက်ခံရမှုတွေလည်း ရှိနိုင်ကြောင်း၊ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်သေးသည့်အကြောင်း စတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ကျေးရွာအတွင်း ပြန်လည်နေထိုင်တာတွေ၊ သွားလာလှုပ်ရှားတာတွေ၊ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်သယ်ဆောင်တာ၊ နေအိမ်တွေကို ပြန်လည်ရှင်းလင်းတာတွေ မပြုလုပ်ကြသေးဖို့ တောင်းဆိုထားတာပါ။

အဲဒီထုတ်ပြန်ချက်ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေဖြစ်တဲ့ ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( KNPLF ) ၊ အလယ်ပိုင်းတိုင်း ( ကယားစစ်ဒေသခွဲ )ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF )  ၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF ) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တို့ ပူးတွဲထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts