spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ဒီကနေ့ မတ်လ ၅ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ နဲ့ နေ့ခင်း ၁နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၄ လုံးနဲ့ နှစ်ကြိမ်ခန့် တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ကြဲတာကတော့ လာလိုက်ကြဲချသွားလိုက် ၊ ဝဲလိုက် ထပ်ကြဲလိုက် ပြန်သွားလိုက် နှစ်ခါလုံး အဲ့လိုမျိုးပဲ” လို့ ကျောင်းဆရာက ဆိုပါတယ်။

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ကျောင်းဆရာတစ်ဦးက ဆက်ပြောပါတယ်။

“ကျောင်းကတော့ တစ်ကျောင်းလုံး ဘားမကျန်တော့ဘူး။ တကယ် အဓိကကျတဲ့ အခန်းတွေကော ခုံတွေကော မရှိတော့ဘူး။ တခြားနေရာတွေတော့ ဘေးအကာနဲ့ခေါင်မိုးတွေ ပျက်တာပေါ့။ အနီးနားရှိတဲ့အပင်တွေတော့ တစစီ ပျက်ကုန်တာပဲ” လို့ ကျောင်းဆရာ တစ်ဦးကပြောပါတယ်။

ဒီနေ့တစ်ရက်တည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူထုတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

ယမန်နေ့ မတ်လ ၄ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းက လူစည်ကားရာဈေးတန်းအနီးအနားကို စစ်ကောင်စီက ၈လုံးထက်မနည်း လေကြောင်းကနေ ဗုံးကြဲခဲ့ပါသေးတယ်။ ယခု မတ်လအတွင်း ဒီးမော့ဆို ၊ လွိုင်ကော်မြို့နယ်အတွင်းကို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲမှုကို စစ်ကောင်စီ ဆက်တိုက်လုပ်ဆောင်နေသလို ကင်းထောက်ယာဉ် မကြာခဏ ပျံဝဲတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts