spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ ရာသီတုတ်ကွေး အဖြစ်များနေ၊ ဝင်ငွေမရှိတာကြောင့် ဆေးဝယ်သောက်ဖို့ ခက်ခဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ကလေးငယ်တွေ ရာသီတုတ်ကွေး အဖြစ်များနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းက ဆေးခန်းတွေမှာ ဆေးအစုံမရှိသလို စစ်ရှောင်တွေအနေနဲ့ ဝင်ငွေမရှိတာကြောင့် ဆေးဝယ်သောက်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ခုခြေနေနဲ့ဆိုတော့ ဆေးခန်းတစ်ချို့လေ ဆေးတွေ အစုံမရှိဘူးပေါ့နော်။ အစုံမရှိတဲ့ခါကျတော့ တော်တော်လေး အဆင်မပြေဘူး။ သူတို့ ကိုယ်တိုင်က ဝင်ငွေမရှိတဲ့ခါကျတော့ ဝယ်သောက်ဖို့လဲ ခက်ခဲတယ်လေ ဆေးတွေကျလေ။” လို့ စစ်ရှောင်ကူညီကူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ကလေးတွေဖြစ်ကြတဲ့ ၃ နှစ်ကနေ ၁၅ နှစ် အကြား အများဆုံးဖြစ်နေပြီး ရာသီတုတ်ကွေးခံစားရသူ အယောက် ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတဲ့ လက္ခာဏာတွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ လူဦးရေ (၅၀၀) ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နဲ့ ရှမ်း – ကရင်နီနယ်စပ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ သုံးသိန်းအထိ ရှိလာပြီး စစ်ဘေးရှောင်စခန်းတိုင်းမှာ ရာသီတုတ်ကွေး ဖြစ်ပွားနေကြသလို ဆေးဝါး၊ စားနပ်ရိက္ခာတွေလည်း ပိုမိုလိုအပ်လာနေကြတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts