spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျန်ရစ်ခဲ့တဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းလာ

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲတွေနဲ့ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရှောင်အများစုဟာ ထပ်မံတိမ်းရှောင်ခဲ့ရပြီး အနည်းစုသာ ကျန်ရှိနေခဲ့ပါတယ်။

ယခင်က ကျန်းမာရေးစောင့်ရှောက်တဲ့ ဝန်ဆောင်မှုပေးတဲ့ ကျန်းမာရေး ဆရာ၊ ဆရာမတွေဟာ အခြားနေရာကို ထပ်မံတိမ်းရှောင်ကြတဲ့ထဲပါသွားတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့ အားနည်းသွားတယ်လို့ လက်ရှိ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

“အခုအနေအထားက စစ်ရေးအခြေအနေအရ မလုံခြုံဘူးလို့ ခံစားရတာပေါ့နော်။အကုန်လုံးက စစ်ရှောင်ကုန်ကြတာပေါ့နော်။အထူးသဖြင့် ကျန်းမာရေး ဝန်တမ်းတွေလည်းပါကြတယ်။ အ့ကြောင့် ကျန်နေတဲ့ လူထုတွေကိုတောင်မှ ကြည့်ပေးဖို့ မလုံလောက်ဘူးပြောရမှာပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေက”

ဆေးဝါးစျေးနှုန်းတွေက မြင့်တက်နေတဲ့အပြင် သယ်ယူပိူ့ဆောင်ရေး လမ်းကြောင်းကလည်း ခက်ခဲနေတာကြောင့် ရေရှည်မှာ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုခက်ခဲလာမှာကို စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အခက်အခဲတွေကတော စုံတယ်။ ဆေးဝါးကလည်း စျေးနှုန်းတွေက မြင့်တက်နေတာ တစ်ကြောင်း သယ်ယူပို့ဆောင်ရေးက ခက်ခဲနေတာတစ်ကြောင်း ခုစစ်ရေးအခြေနေက ဘာမှပြောလို့မရဘူးဆိုတော့ လူထုတွက်တော့ စိတ်ပူတယ်။ဆေးဝါးပြတ်တောက်သွားမှာရယ်။နောက်ပြီးတော့ မလုံလောက်မှုတွေ ပိုပြီးဖြစ်လာနိုင်တယ်ဆိုရင် လူထုတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီး ခက်ခဲလာနိုင်တယ်”

သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ဖျားနာရင် ကျန်းမာရေးဆရာ၊ ဆရာမတွေက အနီးအနားမှာ မရှိတာကြောင့် အခက်အခဲ ဖြစ်တယ်လို့ စစ်ရှောင်ကလေးမိခင် တစ်ဦးက ပြောပါတယ်။

“ကျမတို့ ဒီမှာနေတာက ဆေးဝါးတွေက လုံလုံလောက်လောက်တော့ မရှိဘူးပေါ့နော်။ ဆရာ၊ ဆရာမ တွေ မရှိတာက တစ်ပိုင်း။ ပြီးတော့ ကလေးတွေ သက်ကြီးရွယ်အိုတွေ ဖျားနာရင် သွားပြရတာ ဝေးလို့ အခက်အခဲ ဖြစ်တယ်”လို့ စစ်ရှောင်ကလေးမိခင် တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျေးရွာတွေထဲ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲတာတွေ စစ်ကြောင်းထိုးနေတာတွေ ရှိနေတဲ့အတွက် လူထုတွေအနေနဲ့ ကျေးရွာတွင်း မပြန်ကြဖို့ KNDF က မေတ္တာရပ်ခံထားတာရှိပါတယ်။

တစ်ဖက်မှာလည်း ဒေသခံနဲ့ ထပ်ဆင့် စစ်ရှောင်လူထုအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်က လိုအပ်နေဆဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts