spot_imgspot_imgspot_imgspot_img
Friday, February 21, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ တပ်ရှိရာကနေ နှစ်ရက်ဆက် တောမီးလောင်ကျွမ်း

Author

Date

Category

ကန္တာရ၀တီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီရဲ့ ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ တပ်ရှိရာကနေ တောမီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာအနီးအနားကို ကူးစက်လောင်ကျွမ်းမှုရှိမှာကို စိုးရိမ်တာကြောင့် ကျေးရွာခံတွေဟာ မီးငြိမ်းသတ်ဖို့ ကြိုးစားနေတာ ၂ရက်ရှိပြီဖြစ်ပေမယ့် တောမီးက ကူးစက်လောင်ကျွမ်းဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“မီးကစလောင်လာတာက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းလောက်မှာ မီးခိုးတွေ ထွက်လာတယ်။ ဒီ ခမရ ၄၂၇ ဘက်ကနေပေါ့နော်။ ဒီနေ့မှာလည်း ကျနော်တို့ လိုက်တားနေရတယ်။ ဒီဒေါကလော်ဒူ ၊ ဒေါစဲ နံဘေး နန်းဟူးတွေ တစ်လျှာက်လုံးပေါ့နော်။ အဲ့ဒါ မနိုင်တော့လို့ ဒီတိုင်းပဲ ကြည့်နေရတဲ့ အနေအထားမှာ ရှိနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောမီးကို လူအင်အားနဲ့ တားဆီးဖို့ ကြိုးစားခဲ့ပေမယ့်လည်း လေပြင်းတိုက်ခတ်မှုကြောင့် မီးက အရှိန်ပြင်းစွာ လောင်ကျွမ်းနေတဲ့အတွက် မတားဆီးနိုင်သေးဘူးလို့ သိရပါတယ်။ ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ နီးလွန်းတာကြောင့် ဒရုန်းနဲ့ကင်းထောက်ပြီး လက်နက်ကြီး ပစ်ခတ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့နှစ်က တောမီး ငြိမ်းသတ်ဖို့ ကြိုးစားတဲ့ ဒေသခံတွေကို ဒီးမော့ဆိုအခြေစိုက် ခမရ ၁၀၂ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိခဲ့တာကြောင့် လုံခြုံရေးစိုးရိမ်မှုကြားက မီးငြိမ်းသတ်ဖို့ ကြိုးစားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နွေရာသီ တောမီးဘေးအန္တာရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကနေ ဦးဆောင်ပြီး မီးတားလမ်းများ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts