spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်း ကိုယ်ထူကိုယ်ထ စစ်ရှောင်ဆေးခန်းမှာ ဆေးဝါးလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဖက်ခြမ်းတစ်နေရာမှာ စစ်ရှောင်ပြည်သူတွေစုပေါင်း ဆောက်လုပ်ထားတဲ့ကိုယ်ထူကိုယ်ထ ဆေးခန်းတစ်ခုမှာ ဆေးဝါးလိုအပ်နေတယ်လို့ ဆေးခန်းတာ၀န်ခံဆရာမက ပြောပါတယ်။

ဆေးဝါးလုံလောက်မှု မရှိတာကြောင့် ဆေးခန်းလာပြတဲ့ လူနာတွေကို လိုအပ်သလောက်ဆေးပေးနိုင်ခြင်းမရှိဘဲ မျှပြီးခွဲပေးနေရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်အတွက် အားဆေး၊ လူကြီးအတွက် ဆီးချိုသွေးတိုးဆေးက လိုအပ်နေတယ်လို့ ဆိုပါတယ်။

“လူနာဆိုလည်း ရက်ပြန်ချိန်းရတယ်ရော။ ဆေးမရှိတော့ ရော့ ဆယ်ရက်သောက်ပြီး တစ်ခါပြန်လာနော။ တဘရိတ်ထဲပေးလို့လည်း နောက်လူအတွက်ကျန်အုံးမှရော။ အ့ကြောင့်မို့လို့ သူတို့ကိုလည်း အကုန်မပေးနိုင်ဘူး”လို့ ဆေးခန်းတာ၀န်ခံဆရာမကပြောပါတယ်။

အချို့ဆေးဝါးတွေမရှိ၊ မလုံလောက်မှုကြောင့် လူနာကို ဆေးမပေးဘဲနဲ့ ပြန်ခိုင်းရတာတွေလည်းရှိတယ််လို့ဆိုပါတယ်။ ထိုးဆေးတချို့ကလည်း ဒိတ်လွန်နေတာကြောင့် သုံးမရတော့တာတွေလည်းရှိနေပါတယ်။

“နာစည်း၊ချောင်းဆိုး၊ကိုက်ခဲတာတို့ အဲ့ဒါ သာမန်လောက်ပဲရှိတယ်။အနည်းငယ်ပဲရှိတယ်။ ရောဂါနဲနဲပိုထူးခြားတဲ့ဟာပေါ့နော ရှိခဲ့ရင်လည်း ဆေးမရှိဘူး” လို့ ဆရာမက ဆက်ပြောပါတယ်။

အဲ့ဒီဆေးခန်းကို စစ်ရှောင်စခန်းမှာနေထိုင်ကြတဲ့ လူဦးရေ ၅၀၀ဝန်းကျင်က အားထားမှီခိုနေရပါတယ်။ အလှူရှင်တချို့လာရောက် လှူဒါန်းပေမယ့် ဆေးဝါးမလောက်မှုက အခက်အခဲဖြစ်နေသေးတယ်လို့ သိရပါတယ်။

spot_img
spot_img