spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ သာယာကုန်း (၂) စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေ အခက်အခဲဖြစ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ သာယာကုန်း (၂) စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်တွေ မှီဝဲသောက်သုံးနေရတဲ့ ရေကန်လည်း ရေနည်းလာတဲ့အပြင် ကျွဲ၊နွား တရိစ္ဆာန်တွေကြောင့် ‌‌ရေညစ်ညမ်းလာတဲ့အတွက် သောက်သုံးရေ အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

” ဒီရေတွေ သုံးတော့၊ ပြီးခဲ့တဲ့ တလောက လူကြီး၊ ကလေးပါ ဝမ်းလျောတယ်။ ဒီရေကြောင့်လည်း ဖြစ်တယ်၊ ရာသီဥတုကြောင့်လည်း ဖြစ်မှာပေါ့နော၊ ရေချိုးတဲ့ ကလေးလည်း ယားယံတာရှိတယ်ပေါ့ ” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သာယာကုန်း (၂) စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ လပိုင်းက စစ်ဘေးရှောင်စခန်းရဲ့ လူဦးရေ ထက်ဝက်ကျော်အထိ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားခဲ့ရပြီး အဲဒီအကြောင်းအရင်ခံဟာ ပူပြင်းတဲ့ ရာသီဥတုဒဏ်နဲ့ မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ မိုးရွာတာကို မျှော်နေကြပေမယ့် ယခုလအတွက် လတ်တလော သောက်သုံးရေ အရေးတကြီး လိုအပ်တယ်လို့ သိရပါတယ်။

အနံ့အသက်မကောင်းတဲ့ ရေကို သောက်သုံးနေရတဲ့အတွက် ဖြစ်လာနိုင်တဲ့ ရောဂါကို ဆရာမ တစ်ဦးကလည်း ယခုလို သုံးသပ်ပြောဆိုပါတယ်။

” ဝမ်းလျောတာ ဖြစ်နိုင်တယ်၊ ကျောက်တည် ဖြစ်နိုင်တယ်၊ အရေပြား ယားယံတာ ဖြစ်နိုင်တယ် ” လို့ ဆိုပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ သောက်သုံးရေဟာ တိရိစ္ဆာန်တွေ ရေကန်အတွင်း အဝင်အထွက်များတာကြောင့် ရေအနံ့အသက်မကောင်းဘူးလို့ဆိုပါတယ်။

အဲ့ဒီ အနီးအနား ကျေးရွာ နဲ့ စစ်ဘေးရှောင်တွေဟာ သောက်သုံးဖို့အတွက် ရေကို စျေးကြီးပေးဝယ်ယူနေကြရတယ်လို့လည်း သိရပါတယ်။ သာယာကုန်း စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၇၀ ရှိပြီး၊ လူဦးရေ ၂၀၀ ကျော်ရှိနေပါတယ်။

spot_img
spot_img