spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဓာတ်ဆီဈေး တစ်လီတာ ၄ထောင်ဝန်းကျင် ပေါက်ဈေးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဓာတ်ဆီဈေး တစ်လီတာ ၄ထောင်ဝန်းကျင် ပေါက်ဈေးရှိပြီး ယခင် ၈ထောင်ဝန်းကျင် ပေးဝယ်ရတာကြောင့် အနည်းငယ်ပြန်လည် ကျဆင်းတယ်လို့ သိရပါတယ်။

” တစ်ပီပါကို ၈ သိန်းဝန်းကျင်နဲ့ဝယ်လို့ရတယ်။ အရင်တစ်လက ၁၀သိန်းကျော်ပေးဝယ်ရတယ်ပေါ့။” လို့ စက်သုံးဆီရောင်းချသူတစ်ဦးက ပြောပါတယ်။

သို့ပေမယ့် လတ်တလော ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဓာတ်ဆီဈေး ပြန်မြှင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ဆီစျေးနှုန်းတွေ ပြန်လည်ကျဆင်းနေပေမယ့် တခြားလူသုံးကုန်စျေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ပြီး အခြေခံစားသောက်ကုန်စျေးနှုန်းတွေလည်း ပုံမှန်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဓာတ်ဆီစျေး ကျတဲ့အချိန်ဆို ၈သောင်းနဲ့ရောင်းတယ်။ ဆီစျေးတက်ရင် တစ်အိတ်ကို ၈သောင်း၃ထောင်လောက် စျေးတက်သွားတယ်ပေါ့။ စပါးကြိတ်တဲ့ချိန် ဆီဖိုးလဲထည့်တွက်ရသေးတယ်။” လို့ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ တစ်လေးလုံးစစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပွားခဲ့သလို ဓာတ်ဆီတစ်လီတာကို ၈ထောင်၊ တစ်သောင်းဝန်းကျင် အထိ ပေးဝယ်ခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ဆီတစ်လီတာကို ၄ထောင်ဝန်းကျင်ပေးပြီး ဝယ်ယူရတာ တစ်ပတ်ကျော် ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ စက်သုံးဆီရောင်းချတဲ့ဆိုင် အကြီး၊ အသေးပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts