spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်းမှ ထပ်ဆင့် စစ်ရှောင်ပြည်သူတွေ အမိုးအကာလိုအပ်နေဆဲ

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ အိမ်ခြေ ၂၀၀ နီးပါး ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုလုံး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ နေ့ကတည်းက ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ အမိုးအကာလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကြောင့် ကပြာကယာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် အမိုးအကာ၊ အိမ်မွေးတိရိတ္ဆန် ကျန်ရစ်ခဲ့တာရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“လုံးဝကိုကျန်သွားတာက IDP စခန်းမှာ တော်တော်များများကျန်သွားတာက အမိုးအကာတွေ ဆောက်ထားတဲ့ဟာတွေ အကုန်လုံးက ထားခဲ့ရတဲ့ ပုံစံရှိတယ်။ တချို့ အိမ်မွေး တိရိတ္ဆန် တွေ ထားခဲ့တာလည်း ရှိတာပေါ့နော်” ကရင်နီပြည် လူ့အခွင့်အရေး ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အဲ့ဒီစစ်ရှောင်စခန်းကို ပြန်လည်စုစည်းရာမှာတော့ အိမ်ခြေ ၁၀၀ နီးပါးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ယခင်စစ်ရှောင်စခန်းမှာ တဲဆောက်ဖို့အတွက် အသက်နဲ့ ရင်းပြီး သွားရောက် ရိတ်ယူခဲ့ရတဲ့ သက်ကယ်တဲအားလုံးကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေကြတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ရိတ်တဲ့နေရာက စစ်မြေပြင်နဲ့ သိပ်မဝေးဘူး။အဲဒါနဲ့ သွားရိတ်ကြတယ်။ သူတို့ခဗျာ ကြိုးစားပြီး အသက်နဲ့ရင်းပြီးတော့မှ သွားရိပ်ကြတာပေါ့နော်။ ပြီးတော့မှ ပြန်ပြီး ပြင်ဆင်ကြတယ်။ သက်ကယ်တွေ ပျစ်ကြတယ်။ သက်ကယ်ပျစ်တဲ့အချိန်မှာလည်း ဝါးလိုအပ်ချက်တွေ အများကြီး ရှိတာပေါ့နော်။ ဝါးတွေရှာဝယ်ရတယ်။ အ့မျိုးတွေ ရင်းပြီးတော့မှ လုပ်ခဲ့ရတယ်။ နောက်ဆုံး တချို့က သက်ကယ်ပျစ်ပြီးပြီး။ တချို့က အိမ်ဆောက်ပြီးပြီ။ တချို့က နေပြီးပြီ တချို့က မနေရသေးဘူး။ တချို့က ဆောက်တုန်းရှိသေး။ ခုလို ထပ်ပြေးလိုက်ရတော့ သူတို့ခမျာ တဲကို သံယောဇဥ်ရှိသွားတဲ့လူလည်းရှိပြီ။ လုပ်တဲ့အပပေါ်မှာလည်း သူတို့ တန်ဖိုးထားတယ်။ သက်ကယ်တွေကို တန်ဖိုးထားတယ်။ အ့ကြောင့်မလို့ ခုလို ထပ်ပြောင်းရတော့ တချို့ဆို မျက်ရည်တွေနဲ့ သွားကြတယ်။ အိမ်ကိုသာ ဆောက်ရတယ် မနေရဘူး။ ဘယ်ချိန်ထိ ရွေ့ရမှာလည်း ကျနော်တို့ သေတဲ့အထိ ဆိုပြီးတော့ ။ တချို့က မျက်ရည်တွေနဲ့ သွားကြတယ်”လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ထပ်မံစစ်ရှောင်နေရပြီး တဲပြန်လည်ဆောက်လုပ်နေရသလို အမိုးအကာ၊ တဲ၊ ကလေးပညာသင်ကြားနိုင်ဖို့ စာသင်ဆောင်လိုအပ်နေတယ်လို့ သိရပါတယ်။ တဲပြန်လည်ဆောက်ဖို့ တချို့စစ်ရှောင်တွေကတော့ ယခင်စွန့်ခွာခဲ့ရတဲ့ စစ်ရှောင်စခန်းမှာ သက်ကယ်ပြန်ယူတာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာ အလှူရှင်တချို့က အလှူငွေ လာရောက်လှူဒါန်းတာတွေ ရှိပေမယ့် လမ်းခရီး အခက်အခဲ ရှိနေတာတွေကြောင့် ဝယ်ယူလို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts