spot_imgspot_imgspot_imgspot_img
Sunday, July 7, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို မျိုးစေ့များ ဝေပေး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးအတွက် မျိုးစေ့တွေဝယ်ယူဖို့ ခက်ခဲတဲ့ စစ်ဘေးရှောင်မိသားစုတွေကို ဟင်းစားစိုက်ပျိုးဖို့ မျိုးစေ့တွေ ပေးဝေခဲ့တယ်လို့ လှူဒါန်းပေးသူတွေက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ ရရှိဖို့ ပိုမိုခက်ခဲလာပြီး အလှူရှင်တွေ ရောက်လာမှုအားနည်းတာကို တွေ့ရတာကြောင့် အဆင်ပြေနိုင်ဖို့ ဝေပေးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

“အခုလကစပြီး စစိုက်ရင်တော့ ဆောင်းတွင်းထိ သူတို့အတွက် မီးဖိုချောင်ဟင်းစားအတွက် တော်တော် သက်သာ အဆင်ပြေမယ်လို့ယုံကြည်တယ်ပေါ့။ ပြီးတော့ ပြီးခဲ့တဲ့လ တွေမှာလည်း အဲ့နေရာတွေမှာ ရေသွားဝေခဲ့တယ်ပေါ့နော်။ အဲ့တာနဲ့ အဲ့နေရာတွေမှာ အလှူရှင်တွေ ရောက်တာနည်းတယ်လို့ ပြောရမလား။ ပြီးတော့ ကိုယ်တိုင်စိုက်ချင်တယ် ဒါပေမဲ့ မဝယ်နိုင်ဘူးဆိုတဲ့ဟာလည်းရှိတာပေါ့။ ဆိုတော့ သူတို့ ဟင်းစာတွေအတွက် အဆင်ပြေရလေအောင် ဆိုပြီး မျိုးစေ့ အစုံလေး တစ်မိသားစုကို မျိုးစေ့ ၅မျိုးစီ ဝေပေးခဲ့တာ”လို့ လှူဒါန်းပေးသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ခရမ်းသီး၊ ခရမ်းချဥ်သီး၊ ကိုက်လန်၊ မုန်ညင်း၊ ဖရုံ ၊ နံနံ၊ ပဲထောင့်ရှည်၊ သခွါး၊ ကြယ်ပဲ ၊ကြက်ဟင်းခါးသီး၊ ဆလပ် နဲ့ ခဝဲ စတဲ့ မျိုးစေ့တွေကို သွားရောက်ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

ဝင်ငွေမရှိတဲ့စစ်ရှောင်တွေအနေနဲ့ မျိုးစေ့ဝယ်ယူနိုင်ဖို့ ငွေကြေးမတတ်နိုင်ဘူး လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“စစ်ရှောင်တာကတော့ ကြာပြီလေ ။ ၁နှစ်ကျော်ပြီပေါ့။ အရင်နှစ်တွေလည်း စိုက်ကြတာတော့ရှိပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ စစ်ရှောင်တွေဆိုတော့ စိုက်ရင်လည်း မျိုးစေ့တွေက မချန်နိုင်တော့ဘူးလေ တစ်ရက်တစ်ရက် စားသောက်လိုက်တော့။ အဲ့လိုကြတော့ ဒီနှစ်မှာလည်း မျိုးစေ့က ပြန်လိုအပ်တာပါပဲ။ ဝယ်ဖို့လည်း ဝင်ငွေခက်ခဲတာကတစ်ပိုင်းပေါ့”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဒေါဆိုခူ၊ ဒေါပဲဒူ ၊ဒေါဖု၊ ငွေတောင်၊ ထီးစဲခါး၊ တနီးလာလဲ၊ ဒေါစဲ စတဲ့ ကျေးရွာဖက်က လာရောက်တိမ်းရှောင်တဲ့ စစ်ရှောင်တွေနဲ့ ကျေးရွာခံအပါအဝင် မိသားစု ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts