spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ် ရဲ့ လက်နက်ကြီး ပတ်ခတ်မှုကြောင့် စစ်ရှောင်နေအိမ်တစ်လုံး မီးလောင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင်အခြေစိုက် ခလရ ( ၁၀၂ ) တပ်ကနေ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်ရဲ့နေအိမ်ပေါ် တည့်တည့်ကို ကျရောက်တာကြောင့် မီးလောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိဘူးလို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ကျမ ထင်တာ ၂ လုံးလောက်ကျတယ်ထင်တယ်။ ပထမတစ်လုံးက ဘယ်ဘက်ကိုကျတာ တောအုပ်ထဲကို ကျတာ။ ဒါတောင်မှ ကျတာ မသိလိုက်ဘူး။ ဖုန်မှုန့်ကြီး တက်လာမှ သိရတာ။ ဒုတိယ တစ်လုံးကျတော့ သိပ်မကွာဘူး ။ ကျမတို့က ကားလမ်းမပေါ်မှာဆိုတော့ ဘယ်ဘက်နဲ့ ညာဘက်။ ညာဘက်ကို ကျတဲ့ အလုံးကျတော့ စစ်ရှောင်အိမ် ရှိနေတယ်။ စစ်ရှောင်အိမ်ပေါ်ကို တည့်တည့် ကျတာပေါ့နော်။”လို့ သူက ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် ဒရုန်းနဲ့ ကင်းထောက်တာကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောဆိုကြပါတယ်။

ယမန်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့သလို အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts