spot_imgspot_imgspot_imgspot_img
Thursday, February 6, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ခြမ်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်း ရေရှားပါးမှုကြောင့် ကျောင်းကို စောပိတ်ခဲ့ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိ ဆောင်းရာသီကာလနဲ့ လာမယ့် နွေရာသီကာလမှာဆိုရင် ရေရှားပါးမှုပြဿနာကို ဒီးမော့ဆိုမြို့နယ်တချို့နေရာတွေမှာ ကြုံတွေ့လာနေရပြီဖြစ်ပါတယ်။ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာက စစ်ရှောင်ကျောင်းတစ်ကျောင်းမှာလည်း ရေရှားပါးမှုကြောင့် စာသင်ကျောင်းကို အစောပိတ်ခဲ့ရတယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

“ကျောင်းသားတွေ တအားများတော့ ရေလုံလောက်မှု မရှိဘူးပေါ့နော။ အိမ်သာသွားတက်ရင်တောင်မှ အိမ်သာထဲမှာ ရေထည့်ဖို့ ရေပိုက်၊ ရေခေါင်းတွေ ဘာတွေ ဖွင့်ရင်တောင် ရေက မလာတော့ဘူး။ ဒီလိုအခက်အခဲတွေရှိတယ်။” လို့ အဲဒီကျေးရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

အဆိုပါ စာသင်ကျောင်းရှိတဲ့ကျေးရွာမှာ စစ်ဘေးရှောင်တွေလာရောက်နေထိုင်မှုများပြီး ကျေးရွာလူဦးရေ ရဲ့ ၃ပုံ ၂ ပုံဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

” ကျွန်မတို့ ဒီရွာက တော့ အစကတည်းက အရင်ကတည်းက ရေမလုံလောက်ဘူး။ မိုးရာသီ မိုးကုန်သွားပြီဆိုရင်ရေက အခက်ခဲစပြီးတော့ဖြစ်ပြီ။ အဲ့ဒါကြောင့်မို့ ဒီအငယ်တန်းတွေကတော့ ဒီဇင်ဘာပြီးရင် ပိတ်တယ်ပေါ့နော်။” လို့ စာသင်ပေးတဲ့ ဆရာမ ကပြောပါတယ်။

မိုးရေကိုသာ အဓိက အားထားရတဲ့ ဒေသဖြစ်တာကြောင့် ကျောင်းတွင်းရေသုံးစွဲဖို့ ခက်ခဲလာတာကြောင့် ၁၀တန်းကလွဲပြီး ကျန်တဲ့အတန်းတွေကို ကျောင်းပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ လာမယ့် မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှသာ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီစာသင်ကျောင်းမှာဆိုရင် စစ်ရှောင်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်တက်တာ ပိုများပြီး အဝေးကနေ လာရောက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆောင်ပေးနေတာတွေရှိတယ်လို့ သိရပါတယ်။

အရင်နှစ်မှာတော့ ဒီလိုမျိုးပိတ်တာမရှိပေမဲ့ ယခုနှစ်မှာက စစ်ရှောင်တွေကများပြီး လူဦးရေပိုများတာကြောင့်ပိတ်ရတာလို့လည်း ဆိုပါတယ်။ အဲ့ဒီစာ‌သင်ကျောင်းကို ၂၀၂၂ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း (၁၀၀၀)ကျော် နဲ့ ဆရာ/ဆရာမ (၄၀)ဦးရှိပါတယ်။

spot_img
spot_img
spot_img

Recent posts