spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်CDDစီမံကိန်းတွင် ရေနှင့်လမ်း အခက်ခဲဆုံးအဖြစ် ဦးစားပေးတင်ပြ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွက် ကျေးလက်နှင့် လူထုဗဟိုပြုစီမံကိန်း(CDD)မှ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်အများဆုံးတင်ပြကြသည်မှာ ရေရရှိရေးနှင့် လမ်းတံတားလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

̏ ၄နှစ်တာဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ ပြည်သူတွေ သူတို့ဘာလိုအပ်တယ်ဆိုတာ ရေးဆွဲတင်ပြချက်တွေအပေါ် ကျွန်တော်တို့ကြည့်ရရင် အများဆုံးလိုအပ်တာ လမ်းပေါ့။ လမ်းလိုအပ်ချက်ကို သူတို့တင်ပြတယ်၊ နောက်တစ်ချက်ကတော့ ရေပေါ့နော ရေနဲ့ လမ်းနဲ့ကို သူတို့တင်ပြကြပါတယ်။ ˝ ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် က ပြောသည်။

CDD စီမံကိန်းသည် လာမည့် စက်တင်ဘာလတွင် စီမံကိန်းပြီးစီးမည်ဖြစ်သော်လည်း လမ်းဖွံ့ဖြိုးရေးအပိုင်းကို ဆောက်လုပ်ရေးဌာနအောက်က ကျေးလက်လမ်းဦးစီးဌာနမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရေရရှိရေးအပိုင်းကို ကျေးလက်ရေပေးဝေရေးမှ ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လူထုဗဟိုပြုစီမံကိန်းသည် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတိုင်းသို့ လူဦးရေကို အခြေခံကာ အလှည့်ကျ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိရာ အချို့ကျေးရွာအုပ်စုများမှာ ၄နှစ်တာစက်ဝန်း ရောက်သည်အထိ အလှည့်မကျရောက်လာဘဲ ကျန်နေခဲ့ခြင်းကြောင့် နောင်တွင် အစီအစဉ်ရှိပါက အသေချာစီမံရေးဆွဲပြီး လုပ်ဆောင်စေလိုကြောင်း ဒေသခံများက တောင်းဆိုတင်ပြကြသည်။

̏ တစ်အုပ်စုလုံးမှာမှ နှစ်ရွာပဲရှိနေတဲ့ရွာတွေကျတော့ ပထမနှစ်က ဒီရွာရလိုက်၊ ဒုတိယနှစ်က ဟိုရွာရလိုက် ကိုယ့်အလှည့်ကျစီနဲ့ ရလာတဲ့အခွင့်အရေးတွေက မနည်းတော့ဘူးလို့ ကျွန်တော်အဲ့လိုမြင်တယ်။ ကျွန်တော်တို့ရွာက ၁၃ရွာဆိုတော့ စတုထ္ထစက်ဝန်းထိတောင် ရွာတိုင်းလိုလို မရတော့ဘူး အဲ့လိုဖြစ်နေတော့ တစ်ခါတလေ တချို့အုပ်စုတွေက ရလာတဲ့ ထောက်ပံ့ကူညီမှုတွေက ကြီးမားပြီး ကျွန်တော်တို့အုပ်စုကျတော့ နည်းနည်းလေးပဲ တွေ့မြင်နေရပါသေးတယ်˝ ဟု မြလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအယ်မူးက ပြောသည်။

၄နှစ်အတွင်းတွင် စီမံကိန်းပေါင်း ၃၇၄ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၃.ရဘီလီယံအထိ သုံးစွဲခဲ့ကြောင်း သိရသည်။ ၄နှစ်အတွင်း စီမံကိန်းလုပ်ငန်းများကို ၁၀၀%ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုစီမံကိန်းအတွက် စိတ်ကျေနပ်မှုရှိကြောင်း ညွှန်ကြားရေးမှူးက ဆိုသည်။

spot_img
spot_img
spot_img

Recent posts