spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ဒေသနဲ့ကိုက်ညီပြီး လက်တွေ့ကျတဲ့ပညာရေးစနစ် ဖော်ဆောင်ဖို့လို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အစိုးရကျောင်း နဲ့ ပညာရေး အခန်းကဏ္ဍဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသနဲ့ ကိုက်ညီပြီး လက်တွေ့ကျတဲ့ ပညာရေးသင်ရိုးညွန်းတမ်းတွေကို ဖော်ဆောင်ပေးနိုင်မှ ကိုယ့်ဒေသရဲ့ ဝိသေသလက္ခဏာ တွေ ပေါ်လာမယ်လို့ Level Up Academy Loikaw ကျောင်းမှ ကျောင်းအုပ် ဆရာမ အဲလစ်ထွန်းက ပြောပါတယ်။

“ကျမတို့ကျောင်းကလည်း တစ်နှစ်မှာမှ ၃၆ ယောက်ပဲ ကြိုးစားနေတယ်။ အများကြီးလုပ်နိုင်ကြမယ်ဆို ပိုထိရောက်တယ်။ ကျမတို့ကျောင်းပဲမဟုတ်ဘူး။ တခြားပညာရေးလုပ်နေတဲ့ကျောင်းတွေ အစိုးရကျေင်းတွေ အဖွဲ့အစည်းတွေ အားလုံးကိုယ့်ရဲ့ဒေသနဲ့ကိုက်ညီတဲ့ ပညာရေးစနစ်ကိုဖော်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ လူငယ်တွေလည်း သူများကိုပဲအထင်မကြီးနဲ့ နိုင်ငံခြားတွေပဲ အထင်ကြီးတာမျိုးမဟုတ်ပဲ ကိုယ့်ဒေသကိုယ်လည်းကိုယ်အခြေခံပြီး ဘာတွေလေ့လာရလဲဆိုတာ ဦးစားပေးမယ်ဆိုရင် ကိုယ့်ရဲ့ identity ပိုပြီးတော့မှရလာမယ်။ ပိုပြီးဂုဏ်ယူစရာကောင်းလာမယ်လို့ထင်ပါတယ်။” လို့ ဆရာမ အဲလစ်ထွန်းက ပြောပါတယ်။

Level Up Academy Loikaw ကျောင်းရဲ့ သင်တန်းအမှတ်စဉ် ၆ သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲမြင်ကွင်းတခု

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ Level Up Academy Loikaw ကျောင်းရဲ့ သင်တန်းအမှတ်စဉ် ၆ က ကျောင်းသူကျောင်းသား ၃၆ ဦးကို သင်တန်းဆင်းလက်မှတ် အသိအမှတ်ပြုပွဲအခမ်းအနား ပြုလုပ်ခဲ့စဉ်အပြီးမှာ ဆရာမ အဲလစ်ထွန်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောဆိုသွားတာဖြစ်ပါတယ်။

ပညာရေးစနစ်တွေမှာ သင်ကြားလိုက်တဲ့ ဘာသာရပ်တွေက လက်တွေ့မှာဘာမှအသုံးမဝင်တဲ့အခါမှာ လူငယ်တွေ အချိန် အလာဟသမဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။

“ကိုယ့်ရဲ့ဒေသမှာပါတွေဖြစ်ပျက်နေလဲ ဘာတွေလုပ်နေလဲဆိုတာ အဲဒီပညာရပ်တွေကကော ဒီဒေသမှာဘယ်လိုလုပ်ရမလဲဆိုတာ ကျမတို့ အဓိကထားတယ်။ ဒါကြောင့်သူတို့က လက်တွေ့ပေါ့နော်။ ဒေသမှာကွင်းဆင်းရတယ်။ လယ်ထဲလည်းသွားရတယ်။ ရုံးတွေလည်းသွားရတယ်။ ဒေသကိုအများကြီးလေ့လာရင်း သင်ယူတဲ့စနစ်ပေါ့နော်။” လို့ ဒေါ်အဲလစ်ထွန်းက ပြောပါတယ်။

သင်တန်းဆင်းပွဲကိုတက်ရောက်လာတဲ့ ကျောင်းသားမိဘဖြစ်သူ ရှမ်းပြည်တောင်ပိုင်း ရွှေစံကျေးရွာနေ ဒေါ်ဒေးစိန်က “ဒီမှာတက်ရင် ပိုပြီးတော့မှ အမြင်ကျယ်မယ်လို့ထင်လို့ပါ။ အမျိုးသားရေးအတွက် အသိတရားစိတ်ဓါတ်တွေ ပိုသိလာပြီး လုပ်ရည်ကိုင်ရည်တွေလည်း တိုးလာမယ်လို့ထင်လို့ ဒီကျောင်းသူတက်ဖို့ ကျမသူ့ကို တက်ခိုင်းစေချင်တယ်။သူလည်း တက်ချင်တယ်လေး။” လို့ ပြောပါတယ်။

Level Up ကျောင်းမှာတော့ စာတွေ့ထက် လက်တွေ့ကပိုများ ပြီးတော့ မေးခွန်းများများမေးခိုင်းတာတို့ တွေးခေါ်နိုင်စွမ်းတွေပိုပြီးတော့ မြင့်မားလာအောင် စဉ်းစားခိုင်းတဲ့အနေနဲ့ ဆရာ/မတွေက discussion (ဆွေးနွေးမှု) ပုံစံလို သင်ကြားပေးသွားတယ်လို့ ဒီတစ်နှစ်ကျောင်းပြီးသွားတဲ့ မောင်ကောင်းခန့်က ပြောပါတယ်။

“ကျောင်းမှာလည်း discussion လိုသွားတယ်။ ဒီမှာထူးခြားတာက Level Upမှာဆို ဆရာ/မတွေဆို ကျောင်းသူ/သားတွေနဲ့ ပိုပြီးတော့ ရင်းနှီးတယ်။ ဆရာ/မတွေကိုလည်း မကြောက်ဘူး မေးခွန်းတွေကိုလည်း ထမေးရဲလာတယ်။ အဲလိုမျိုး သူက ကြောက်တဲ့ စိတ်တွေကို ဖယ်အောင်လုပ်ပေးတယ်။ ဥပမာ မေးခွန်းမမေးရသေးတဲ့သူဆိုရင် သူက ခေါ်ပြီးမေးပေး အဲလိုတဖြည်းဖြည်းလုပ်ပေးတော့ လူတွေဆို မကြောက်တော့ဘူး ကျနော်ဆိုအရင်က ကြေက်တတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကျောင်းတက်ပြီးနောက် ကိုယ်မကြောက်တော့ဘူး။ မှန်တာ လုပ်တာပဲ ရဲရဲတင်းတင်း ပိုပြီးသွားဖြစ်တယ်ပေါ့။” လို့ မောင်ကောင်းခန့်က ပြောပါတယ်။

Level Up Academy Loikaw အနေနဲ့ အခုချိန်ထိ လူငယ် ၁၈၀နီးပါး ဒေသနဲ့ကိုက်ညီတဲ့ လက်တွေ့ကျတဲ့ ပညာရေးကို သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်လို့သိရပါတယ်။

ဒီကျောင်းကို တက်ချင်တယ်ဆိုရင်တော့ နှစ်စဉ် သြဂုတ်လထဲမှာ လျှောက်လွှာတွေစတင်ခေါ်ယူလျက်ရှိပြီး လျှောက်လွှာများကို ကျောင်းတွင်လာရောက်ပြီးယူနိုင်ကြောင်း နိုဝင်ဘာလတွင် ရေးဖြေနှင့် အင်တာဗျူးတွေကို အခြေခံစီစစ်ပြီး ခေါ်ယူလျက်ရှိတယ်လို့သိရပါတယ်။

နှစ်စဉ် ကျောင်းသား ၃၀ ကျော်လောက်ကို ခေါ်ယူပြီး ဇန်နဝါရီလမှာ ကျောင်းစတင်ဖွင့်လှစ်လျက်ရှိပြီး တစ်ပတ်စဉ်လျှင် ပညာသင်နှစ် နှစ်နှစ်ကြာမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများခေါ်ယူလျက်ရှိပြီး တချို့ကျောင်းသားတွေကတော့ အမှန်တကယ်စိတ်ဝင်စားသူ တချို့လည်းခေါ်တယ်လို့သိရပါတယ်။

နယ်ဝေးဒေသကနေလာရောက်ရတဲ့ ကျောင်းသူ/သားတွေကို တစ်နှစ်မှာ ၈ ယောက်လောက်ကို နေဖို့ အဆောင်တွေ ထောက်ပံ့ပေးတဲ့အစီအစဉ်ရှိတယ်လို့သိရပါတယ်။

အမှတ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ကယားပြည်နယ် လွှတ်တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသူ/သား ၃၆ ဦးကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts