spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

ဒေါတကလဲကျေးရွာက စစ်ရှောင်မိသားစုအတွက် စားနပ်ရိက္ခာထောက်ပံ့မှု အကူအညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း၊ ဒေါတကလဲကျေးရွာမှာ လာရောက်နေထိုင်တဲ့ စစ်ရှောင်တွေဟာ ယခုနှစ်အတွင်းမှာ အလှူရှင်ဝင်ရောက်မှု နည်းပါးလာတာကြောင့် စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရရှိတော့ဘူးလို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ဒီ၂၀၂၄ မှာကျတော့ ဆန်နဲ့ပတ်သတ်တဲ့ဟာ စားနပ်ရိက္ခာပေါ့နော တစ်ခါမှမဝင်သေးဘူး ပြောလို့ရတယ်။ ရတဲ့ဟာက တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းပဲလေ ၊အဲ့ပစ္စည်းကျတော့ ၂၀၂၄ မှာက သုံးကြိမ်လောက်လာပြီ။ ဒါမဲ့စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား အဲ့ဒါတော့တစ်ခါမှ မရောက်သေးဘူး။ စစ်ရှောင်တွေအတွက်လည်း တော်တော်အခက်အခဲရှိတယ်ပေါ့နော။ အဓိကလိုအပ်တာတော့ ဆန်၊ဆား၊ဆီပေါ့နော်” လို့ စစ်ရှောင်ကော်မတီဝင် တစ်ဦးကပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအရေးပေါ်ပြတ်လပ်မှုရှိခဲ့ပါက စစ်ရှောင်ကော်မတီဥက္ကဌထံကနေ ထောက်ခံစာယူပြီး ဒေါတဒါးကျေးရွာရှိ ဘာသာရေးခေါင်းဆောင်ထံ ဆန်သွားရောက် ထုတ်ယူရတယ်လို့လည်း သူကဆက်ပြောပါတယ်။

“မိသားစုမှာပေါ့နော ဆန်စားစရာမရှိရင် အဲ့လိုမျိုးကြိတ်မနေဘဲ အရေးပေါ်ဆန်ထားထားတယ်၊ ထောက်ခံစာထားထားတယ်။ ထောက်ခံစာမရှိရင် အိမ်ထောင်စုစာရင်းနဲ့ လာယူလို့ရတယ်လို့ အ့လိုမျိုး ကြေငြာထားပေးလိုက်တယ်၊။ အဆင်မပြေတဲ့သူတွေတော့ သွားယူစားကြတယ်ပေါ့နော။”လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ အလှူရှင်ဝင်ရောက်မှုရှိပေမဲ့ ယခုနှစ်မှာ စားနပ်ရိက္ခာထောက်ပံ့ပေးတဲ့ အလှူရှင်အဖွဲ့အစည်းတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ ဝမ်းစာဖြေရှင်းဖို့အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကြပေမယ့်လည်း မြေဩဇာ လုံလုံလောက်လောက် အသုံးမပြုနိုင်တာကြောင့် အထွက်နှုန်းနည်းပြီး တစ်နှစ်စာအတွက် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

“ဒီတစ်နှစ်အတွင်းတော့ စားနပ်ရိက္ခာတော့မရဘူးပေါ့၊ ဆီ၊ ဆားတို့ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကိုယ့်ဟာကိုယ်ပဲကြံဖန်ပြီးတော့ ရှာစားတာပဲ။ အဲ့ဒါတွေကြောင့် အခက်အခဲတော့ အများကြီးကြုံရတယ်။ နောက် ကျန်းမာရေး ကလည်းတစ်ဖက် ကျန်းမာရေးကလည်း သိပ်မကောင်းတော့ ဆေးတွေလည်း ဝယ်လို့မရဘူးပေါ့။ အဝေးကြီးမှာပဲ တခါတလေ သွားရှာဝယ်ရတယ်။ “လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကပြောပါတယ်။

အဆိုပါ ဒေါတကလဲကျေးရွာမှာ ဖရူဆိုမြို့နယ်က လာရောက်တိမ်းရှောင်သူ အများစုဖြစ်ပြီး စစ်ဘေးရှောင်လူဦးရေ (၂၁၄)ဦး ရှိနေပါတယ်။

spot_img
spot_img

Recent posts