spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့သာ ခပ်ယူနေရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း-ကရင်နီနယ်စပ်ရှိ ‌ဒေါ်နိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး စစ်ဘေးရှောင်တွေဟာ အကန့်အသတ်နဲ့သာ ရေကို ခပ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

လက်ရှိ ရေသိုလှောင်ထားတဲ့ ရေကန်ကြီးကနေ အိမ်ထောင်စုတစ်စုကို ရေ နှစ်ပုံးသာ အကန့်အသတ်နဲ့ ခပ်ယူနေရသလို တိုကင်စနစ်နဲ့ တန်းစီရပြီး အချိန်ရောက်မှသာ အလှည့်ကျ ခပ်ယူနေရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

“ရေလဲရှား၊ လူတိုင်းလည်း လာခပ်ဖို့လိုတော့ အကြားကြီးစောင့်နေရတယ်။ တစ်ယောက်ကို နှစ်ပုံးနှုန်း ခပ်ခိုင်းတာ တချို့အများ ထပ်ခပ်တာပဲ။ ခပ်တဲ့အချိန်မှာ ရေများများလာတယ်ဆိုရင် ခပ်ရတာ ပြည့်လွယ်တယ်။ ရေနည်းနည်းပဲလာတဲ့ချိန်ဆို အကြာကြီးစောင့်နေရတယ်ပေါ့နော်။ နွေရာသီချိန်ဆို ရေကြောင့်နဲ့ စကားများနေရပြီ။ နင်က များများခပ်ရတယ် ကျမက နည်းနည်းပဲ ခပ်ရသေးတယ် ဒီလို စကားတွေများကြတာပေါ့နော်။ ရေခပ်တာ ရဲဘော်လိုမျိုးပဲ တန်းစီနေရတယ်ပေါ့နော်။” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းထိ ရောက်ရှိတဲ့ ရေကို ခပ်ယူနေကြသလို ဝေးလံတဲ့ နေရာတွေမှာလည်း နေ့စဉ်အသုံးပြုရမယ့် ရေ ကိုသွားရောက်ခပ်ယူကြပါတယ်။ စစ်ရှောင် လူဦးရေများပြားတာကြောင့် နောက်ပိုင်းမှ ခပ်ရသူကတော့ ရေမရရှိတော့ဘူးလို့ ဆိုပါတယ်။ ဒ့ါကြောင့် တန်းစီပြီး အလှည့်ကျ ရေခပ်ယူဖို့ စောစောထရတယ်လို့ နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

“ကျမတို့က ရေသွားခပ်ရင်းနဲ့ အသက်တော်တော်ရှည်သွားမယ်ထင်တယ်။ အခုက နည်းနည်းအဆင်ပြေသေးတယ် နေအရမ်းပူရင် ရေက ပိုခမ်းခြောက်သွားတယ်။ ကျမတို့ ရပ်ကွက်က ကြီးပြီး လူများတော့ ရေခပ်မမှီတာတွေ ရှိပါတယ်။ ခုတောင် ရေခပ်မမှီဘူး စောင့်နေရင်းနဲ့ နေ့လည်တောင်ရောက်သွားတယ်။ တစ်ခါတစ်လေဆို တစ်ခေါက်နှစ်ခေါက်လောက် သွားခပ်ရသေးတယ် တစ်ခါတစ်လေတော့လည်း တစ်ခေါက်မှာ မခပ်ရ‌ဘူး။ အခုက သတ်မှတ်ပြီး ခပ်ခိုင်းတာ လက်မှတ်တွေ ယူရတာပေါ့နော။ မနက်ဖြန် တစ်ဘက်ခါဆို ယူရတော့မှာပေါ့ နွေရာသီချိန်ဆို နေအရမ်းပူတဲ့အချိန်ဆို တန်းတူပဲပေါ့နော။ တစ်ခေါက်ဆို အားလုံးက တစ်ခေါက်တူတူရကြမယ်။ ရေ ရရှိဖို့ကတော့ အရမ်းခက်ခဲတယ်။” လို့ သူက ပြောပါတယ်။

အဆိုပါ ဒေါနိုးကူး စစ်ရှောင်စခန်းမှာ လူဦးရေ ၂၇၀၀ ကျော် ရှိပြီး နှစ်စဉ် နွေရာသီ မတိုင်ခင် ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ရေထွက်ပေါက်ရှိရာကနေ စစ်ရှောင်စခန်းထိ ရေပိုက်နဲ့ သွယ်လာပေမယ့် လူဦးရေများတာကြောင့် ရေမလုံလောက်မှုတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts