spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ဒေါဖုကျေးရွာမှာ ပေါင်ပုတ်လက်ပုတ်ယူဆရတဲ့ နွားရောဂါတစ်မျိုးကြောင့် တစ်ပတ်အတွင်း နွား၉ကောင်သေဆုံး



ကေးဒူ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါဖုကျေးရွာမှာ ပေါင်ပုတ်လက်ပုတ်လို့ ယူဆရတဲ့ နွားရောဂါတစ်မျိုးကြောင့် တစ်ပတ်အတွင်း နွား ၉ ကောင် သေဆုံးခဲ့တယ်လို့ နွားမွေးမြူသူထံကနေ သိရပါတယ်။

ဒေါဖုကျေးရွာမှ နွားမွေးသူတစ်ဦးက “တခြားအိမ်မာတော့ တစ်ကောင်သေတဲ့လူရှိတယ်။ နှစ်ကောင်သေတဲ့လူလည်းရှိတယ်။ သုံးကောင်သေတဲ့လူလည်း ရှိတယ်ပေါ့။ စုစုပေါင်း ကျနော်တွေးကြည့်တာတော့ တွေ့တာတော့ ၉ ကောင်လောက်သေပြီ။ တစ်ပတ်ထဲနဲ့ ၉ ကောင်လောက် သေသွားတာ” လို့ သူကပြောပါတယ်။

ခြေထောက်နာ၊ လက်နာတာကနေ ယောင်ရမ်းလာတဲ့ လက္ခာဏာကိုတွေ့ရှိရကြောင်း အရောင်ပြောင်းပုပ်လာပြီး တစ်ရက်အတွင်း သေဆုံးသွားတာဖြစ်တယ်လို့ ဒေါဖုကျေးရွာက နွားမွေးသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီလက္ခဏာဟာ ပေါင်ပုတ်လက်ပုတ်နွားရောဂါဖြစ်တယ်လို့ ဒေသခံနွားမွေးမြူရေးလုပ်တဲ့သူတွေက ယူဆကြပါတယ်။

ပေါပုတ်လက်ပုတ်နွားရောဂါလို့ယူဆရတဲ့ အဲ့ဒီလက္ခဏာတွေဟာ ဒီနှစ်မှသာ စတင်တွေ့ရှိရပြီး နွားတွေ နေ့စဉ်သေဆုံးနေတာဟာ ကူးစက်မှုကြောင့် ဖြစ်တယ်လို့ တိရိစ္ဆာန်ကျန်းမာရေးဆရာတစ်ဦးက ပြောပါတယ်။ အချိန်မီကာကွယ်ဆေးမထိုးနိုင်တာ၊ ရောဂါအကြောင်း သိရှိနားမလည်တာကြောင့် သေဆုံးတာ များပြားခဲ့ရတယ်လို့ ဆိုပါတယ်။

ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ဖို့ နေမကောင်းတဲ့နွားကို ကုသဆေးထိုးပြီး နေကောင်းကျန်းမာတဲ့နွားကို ကာကွယ်ဆေးထိုးခြင်းဖြင့် ဆုံးရှုံးမှုကနေ ကာကွယ်နိုင်တယ်လို့ တိရိစ္ဆာန်ကျန်းမာရေးဆရာတစ်ဦးက ပြောပါတယ်။

” ဒီရောဂါက ကူးစက်ရောဂါ ဖြစ်တဲ့အတွက် ဒီကျနော်တို့ ကာကွယ်ဆေးနဲ့ ထိန်းချုပ်နိုင်မှပဲ အဆင်ပြေမယ်လေ။ ဒီရွာမှာ မဆုံးရှုံးအောင်ပေါ့။ ကျနော့်အနေနဲ့ စေတနာနဲ့ ဟို.. ပြောရမယ်ဆိုလိုရှိရင် ထပ်ပြီးတော့ မဆုံးရှုံးအောင်ဆိုပြီးမှ နေကောင်းတဲ့ နွားတွေကို ကာကွယ်ဆေးထိုးမယ်။နေမကောင်းတဲ့ နွားတွေကို ကုသဆေးထိုးမယ်။အဲလိုမျိုးလေးတွေပေါ့နော်။ အဲ့လိုမျိုးလေးတွေ လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ရွာအနေနဲ့ ဆုံးးရှုံးမှုကတော့ ဟို.. . ရှိခဲ့ရင်တောင်မှ အများကြီးမရှိတော့ပဲ အနည်းအကျဥ်းလောက်ပဲပေါ့” လို့ ဆရာကပြောပါတယ်။

ပေါင်းပုတ်လက်ပုတ်နွားရောဂါဟာ နွေမှမိုးအကူးကာလ၊ မိုးဦးကျကာလတွေမှာ အဖြစ်များပြီး ရောဂါလက္ခဏာရှိတဲ့နွားက အပူချိန်မြင့်တက်တာ၊ ခန္ဓာကိုယ်အရှေ့ပိုင်း အေးစက်တာ၊ ခြေလက် ယောင်ရမ်းတာတွေ ညိုမဲပုတ်တာ ဖြစ်တတ်တယ်လို့ သိရပါတယ်။

သေဆုံးပြီးသားနွားတွေကို မြေမြုပ်ပေးခြင်းက ကျန်ခဲ့တဲ့နွားတွေအတွက် ပိုပြီးတော့ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ ကျေးရွာအတွင်း နွားသေဆုံးမှုတွေ ရှိနေပေမယ့် အခုလို ပေါင်ပုတ်လက်ပုတ်ရောဂါလက္ခဏာကြောင့် မဟုတ်ပဲ တောထဲမှာ ကျင်လည်ရင်း တစ်ကောင်စနှစ်ကောင်စ သေဆုံးတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေါဖုကျေးရွာမှာ နွားအကောင်ရေ ၁၅၀ လောက် မွေးမြူထားကြတာပါ။ ဒေသခံရွာသူရွာသားတွေဟာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ခင်းတွေမှာ ကျွဲ၊ နွားတွေကို အဓိက အားထားပြီး လုပ်ကိုင်နေကြပါတယ်။

spot_img
spot_img