ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ကို လောပိတ-ရွှေမြို့ မဟာဓာတ်အားလိုင်းကို ပြင်ဆင်ဖို့ သွားတဲ့ စစ်ကောင်စီတပ်မှူးနှစ်ဦးနဲ့ EPC ဝန်းထမ်း ၂၆ဦးကို ဖမ်းဆီးထားတယ်လို့ KNDF က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထားသူတွေကို KSP ထံလွဲပြောင်းပေးပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အရေးယူဆောင်ရွက်မှုပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၁ရက်နေ့မှာ ဖမ်းဆီးထားတာဖြစ်ပြီး လူ့ဂုဏ်သိက္ခာ နဲ့ အညီ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်စပ်တဲ့ ဆွေမျိုးသားချင်းတွေကို စိုးရိမ်ပူပန်ခြင်းမရှိဖို့ KNDF ကထုတ်ပြန်ထားပါတယ်။
လွိုင်ကော်-ဖယ်ခုံလမ်းမအနီးမှာ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ဓာတ်အားလိုင်းကို ပြင်ဆင်ဖို့သွားရင်း မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်တစ်စီး နဲ့အတူ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
KNDF က စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် မကူညီကြဖို့နဲ့ ကူညီတာဝန်ထမ်းဆောင်နေသူအားလုံးကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။