spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

နန်းဖဲကျေးရွာအုပ်စုက နောင်လော် စစ်ဘေးရှောင်စခန်းမှာ မူလွန်ကျောင်းသားတွေ ငှက်ဖျားရောဂါ အဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအုပ်စု နောင်လော် စစ်ဘေးရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထူ မူလွန်စာသင်ကျောင်းမှာ ကျောင်းသားတွေ ငှက်ဖျားရောဂါအဖြစ်များနေကြတာကြောင့် ကျောင်းသားမိဘတွေ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

“ငှက်ဖျားတော်တော်ဖြစ်တယ်၊ ကျောင်းသူကျောင်းသားထဲမှာ အများကြီးပဲ။ တစ်ခန်းမှာဆိုရင် ပုံမှန် ၂ ယောက် ၊ ၃ ယောက်လောက် ဖြစ်တယ်။ ဒီ ၈၄ ဦးထဲမှာဆိုရင်တော့ ၂၀ နီးပါးထိ ငှက်ဖျားဖြစ်ကြတယ်။ ၁၀၀ မှာဆိုရင် ၃၀ ရာခိုင်နှုန်းလောက် ဖြစ်မှာပေါ့။ ” လို့ ကျောင်းတာဝန်ခံဖြစ်တဲ့ ဆရာမသိမ့်သိမ့်သူက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင် စာသင်ကျောင်းမှာ တခြားနယ်ဝေးကနေ လာရောက်ပညာသင်ကြားတဲ့သူလည်းရှိနေပြီး ငှက်ဖျားရောဂါမဖြစ်ပွားအောင် ဂရုစိုက်နေရတယ်လို့ ဆိုပါတယ်။ ယခုလအတွင်း ကျောင်းသားတွေ ငှက်ဖျားအဖြစ်များလာတာကြောင့် စိုးရိမ်နေရသလို စာသင်ကြားမှုအပိုင်းမှာလည်း နှောင့်နှေးလာတယ်လို့ ကျောင်းဆရာမတွေက ပြောပါတယ်။

“ ဒီမှာက Grade 3 က လူဦးရေ အများဆုံးလေ ၁၈ ယောက်ရှိတယ်ဆိုတော့ ပိုအဖြစ်များတယ်။ ပြီးတော့ အငယ်တန်းမှာလည်း အဖြစ်များတယ် Graed -2 တို့ Grade – 3 တို့ Grade 4 ၊ 5 ၊ 6 မှာတော့သိပ်မဖြစ်ဘူး။ ကျောင်းပျက်ရရင်တော့ သင်ကြားမှာက နှောင့်နှေးရတာပေါ့။ ကျောင်းသားတစ်ယောက်လျော့သွားရင် ဆရာမ က သင်ခန်းစာ အရှေ့ကိုပဲ ဆက်တက်ရမလား နှောင့်နှေးတာပေါ့နော။ အချိန်တော့ပေးရတာပေါ့ သူတို့အတွက်။” လို့ ဆရာမတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထဆေးပေးခန်းမရှိတာကြောင့် ဆေးဝါးလုံလောက်မှုမရှိဘူးလို့ သိရပါတယ်။

“ကိုယ်ထူကိုယ်ထဆေးခန်းရယ်လို့တော့ မဆောက်သေးဘူး။ ဆောက်ဖို့ အစီအစဉ်တော့ ရှိတယ်လို့ ကြားပါတယ်။ မဆောက်သေးတော့ ကျမအိမ်ကိုလာပြီး စောင့်ရှောက်မှုခံယူတာပဲဖြစ်ဖြစ် ကျမက လိုက်ကုပေးတာပဲဖြစ်ဖြစ် အဲ့လောက်ပဲလုပ်နိုင်သေးတယ်ပေါ့နော။ ကျမ အနီးစပ်ဆုံး ဆေးခန်းတွေနဲ့ လိုက်ချိတ်ပါတယ်။ ဒီနောက်ပိုင်း ငှက်ဖျားလည်း ဖြစ်လာတယ်ဆိုတော့ ငှက်ဖျားစစ်တဲ့ ပစ္စည်းကိရိယာရအောင် တင်ပြပြီးတော့မှ ကူညီပေးနေပါတယ်ပေါ့။ “ လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ငှက်ဖျားရောဂါအဖြစ်များနေသလို ရာသီတုပ်ကွေးလည်း အဖြစ်များနေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ အသိပညာပေးမှု နဲ့ ရောဂါကူးစက်မှု မဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ငှက်ဖျားဖြစ်ပွားသူတွေထဲ ၅နှစ်ကျော် ကလေး ၂ဦး ၊ အသက် ၁၀၊ ၁၄ နှစ်အရွယ်တွေလည်း ဖြစ်နေကြပြီး စစ်ဘေးရှောင်စခန်းမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ နှစ်လအတွင်း ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ နန်းဖဲ ၊ စလဲလုံ ၊ ဘူးခူကျေးရွာကနေ လာရောက်စုပေါင်းနေထိုင်ကြပြီး အိမ်ခြေ ၁၃၀ ၊ လူဦးရေ ၄၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts