spot_imgspot_imgspot_imgspot_img
Thursday, December 12, 2024
spot_imgspot_imgspot_imgspot_img

နန်းဖဲ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားနေဆဲ ၊ ဆေးဝါးအကူအညီလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆို – ဘောလခဲမြို့အစပ်မှာ ရှိတဲ့ နန်းဖဲ စစ်ရှောင်စခန်းတွေမှာ အောက်တိုဘာလက စတင်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။ ငှက်ဖျားရောဂါကို ၅နှစ်အောက်ကလေးငယ်တွေ ကျောင်းသား၊ ကျောင်းသူ အပါအဝင် လူကြီးတွေ ဖြစ်နေကြတာပါ။

“ဒီလ ထဲမှာ ပိုများလာတယ်။ လျော့တယ်လို့တော့ ပြောလို့မရဘူး။ ငှက်ဖျားတော့ အဖြစ်များနေတယ် ရွာထဲမှာတော့ ကူးစက်မှုတွေလည်းရှိတယ်။ ရန်ပုံငွေနဲ့တော့ နောက်ပိုင်းလည်ပတ်ဖို့ရှိတယ် IEC နဲ့တော့ချိတ်ဆက်ထားတယ် မရသေးဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် အလှူရှင်ရှိနေသေးတယ် အလှူရှင်ရှိတယ်ဆိုတာ တစ်ကြိမ်လှူဒါန်းထားတဲ့ဟာပေါ့။ အခကြေးငွေအနေနဲ့ ဆေးဖိုးပြန်ယူပြီး ပြန်လည်ပတ်ရတာပေါ့။ အခမဲ့တော့ မပေးနိုင်သေးဘူး။”လို့ အဆိုပါ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

သုံးလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၀၀ ဝန်းကျင် ရှိပြီး ၅နှစ်အောက် ကလေးငယ်တွေလည်း ငှက်ဖျားရောဂါ ကူးစက်ခံရတာ ရှိတယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ ဆေးပေးခန်းမရှိသလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့အစည်းတွေလည်း လက်လှမ်းမမှီတာကြောင့် ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ၅နှစ်အောက် ကလေး ငှက်ဖျားဖြစ်တာ မတွေ့ရပေမယ့် ဒီနောက်ပိုင်းမှာ ဖြစ်လာတာရှိတယ် ကူးစက်မှုတွေရှိနေတဲ့အတွက်။ ၅နှစ်အောက် ကလေးတွေလည်းဖြစ်လာတော့ ဘယ်လိုပဲပြောပြော လူကြီးနဲ့ယှဉ်ရင်တော့ အသက်အန္တရာယ်နဲ့ပိုနီးတာပေါ့နော။ ဖြစ်တဲ့သူတွေက တစ်လကို ၁၀ယောက်၊ ၁၀ယောက် ဝန်းကျင်ရှိတယ် ၃လဆိုလို့ရှိရင်တော့ အယောက် ၃၀ ၊ ၄၀ ဝန်းကျင်မှာရှိတယ်။”လို့ အဆိုပါ ကျန်းမာရေးဆရာမတစ်ဦးက ဆက်ပြောပါတယ်။

ကျောင်းနေအရွယ် ကလေးတွေ ငှက်ဖျားရောဂါ ကူးစက်မှုရှိတာကြောင့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်ရှောင် စာသင်ကျောင်းကို ပိတ်ထားလိုက်ရပါတယ်။

“ဒီတစ်နှစ်လည်း ငှက်ဖျားတော်တော်ဖြစ်တယ် အဲ့အတွက်လည်း ကျောင်း ၈ ရက်လောက်ပိတ်လိုက်ရတယ် တစ်ကျောင်းလုံးနီးပါးဖြစ်သွားတယ် ငှက်ဖျားက။ အရင်တစ်လထဲမှာပေါ့။ တုပ်ကွေးတော့ တချို့ဖြစ်ကြတယ် အများကြီးတော့မဖြစ်ဘူး။ ငှက်ဖျားတော့ တော်တော်များတယ်။”လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

အဆိုပါ ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ နန်းဖဲစစ်ဘေးရှောင်စခန်း ၃ ခုကတော့ နှောင်လုံ ၊ ဝေကျခေါ၊ တဂေးလဲ ဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၂၅၅ အိမ်ရှိကာ၊ လူဦးရေ ၈၀၀ ကျော်အထိ ရှိနေပါတယ်။

၂၀၂၄ခုနှစ် ၊ မေလ ကစပြီး ကရင်နီပြည်က ဖရူဆို ၊ ရှားတော ၊ ဒီးမော့ဆို ၊ ဖားဆောင်း ၊ ဘောလခဲ စတဲ့မြို့နယ်အတွင်းက ကျေးရွာ ၊ စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ စတင်ဖြစ်ပွားခဲ့ကြတာပါ။ လက်ရှိစစ်ရှောင်တွေ ဖြစ်နေကြတဲ့ ငှက်ဖျားရောဂါအမျိုးအစားကတော့ Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F)ဖြစ်ပြီး PV အမျိုးအစား အဖြစ်များတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts