spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

နယ်မြေရှင်းလင်းရေး လုပ်နေစဉ် ရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက်ဆုံးရှုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဧပြီ ၂၂ရက်) နံနက် ၇နာရီဝန်းကျင်မှာ KNDF B-09နဲ့ ပူးပေါင်းတပ်တို့ နယ်မြေရှင်းလင်းရေး လုပ်နေစဉ်မှာ KNDF B-09က ရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံး သွားခဲ့ရတယ်လို့ KNDF B-09က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေမှာ စစ်ကောင်စီက မိုင်းထောင်ထားတာတွေရှိပြီး KNDFက လိုက်လံရှင်းလင်းမှုတွေ လုပ်ဆောင်နေတာတွေရှိပါတယ်။

စစ်ကောင်စီကနေပြီး ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာအနီးတစ်ဝိုက်တွေမှာ မိုင်းထောင်လေ့ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတာရှိပါတယ်။ အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် စတဲ့ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ နေရာတွေမှာ မိုင်းထောင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်နေ့မှာဆိုရင်လည်း ဒီးမော့ဆို မြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာအတွင်း ပြည်သူလူထုနေအိမ်ကြား ထောင်ထားတဲ့ နင်းမိုင်း၊ ရှော့တိုက်မိုင်း နဲ့ လက်နက်ကြီးပို့ယမ်း တချို့ကို KNDF B-06က လိုက်လံရှင်းလင်းတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း မိုင်းကြောင့် KNDF B-06က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသလို နှစ်ဦး ခြေထောက်ဆုံးရှုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts