CJ (ကန္တာရဝတီတိုင်း(မ်))
ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်နေ့ ) မနက်ပိုင်းက ကရင်နီပြည် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ စိုက်ပျိုးထားတဲ့ခဲ့ မြေပဲ တေွကို သိမ်းဖို့ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
ခြေတစ်ဖက်ပြတ်သွားသလို၊ လက်တစ်ဖက်နဲ့ မျက်နှာပါထိခိုက် ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
” ယာခင်းမှာ မထောင်ထားဘူး သူထင်လို့ သွားရာကနေ ထိသွားတာ၊ နည်းနည်းပဲ နုတ်ရသေးတယ်၊ သူက တစ်ခြားလူခေါ်သေးတယ်ပြောတယ်၊ သူများမလိုက်လို့ တစ်ယောက်ထဲ သူသွားလိုက်တာ မြေပဲနည်းနည်းပဲ နုတ်ရသေးတယ် အဲ့တာနဲ့ ထိသွားတယ်။ ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဆိုပါမြေမြုပ်မိုင်းကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒေါညေးခူကျေးရွာ
မှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေက ထောင်ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်
မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးသွားတဲ့ စစ်ဘေးရှောင် အမျိုးသားဟာ လက်ရှိမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။ သူကတော့ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာက အသက် (၃၃) နှစ်အရွယ် ဒေသခံ တစ်ဦးဖြစ်ပြီး၊ ၂ နှစ်အရွယ်နဲ့ ၄ လသား အရွယ် ကလေးနှစ်ဦး ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကဒါးလားတိုက်ပွဲ အပြီးမှာလည်း ထီးသော်ကူးကျေးရွာက ဒေသခံတစ်ဦး ဆိုင်ကယ်စီးရင်း မိုင်းနင်းမိတာကနေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။