spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ပန်ကန်းရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်တွင် ဒီကနေ့ (အောက်တိုဘာလ ၂၅ ရက်) မနက် ၁၀ ခွဲဝန်းကျင်အချိန်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သေဆုံးသူကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ရွှေညောင်ပင်ပရဟိတအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သေဆုံးသူဟာ အသက် ၄၁နှစ်အရွယ်ရှိတဲ့ ကိုသန့်ဇော်ဦးဖြစ်ပြီး လွိုင်ကော်မြို့မှာ နယ်မြေခံရဲဖြစ်တယ်လို့ လွိုင်ကော်မြို့ ဒေသခံတချို့က ပြောဆိုကြပါတယ်။

” နယ်မြေခံရဲလို့ပြောတယ်။ နယ်ထိန်းသဘောပဲလေ။ အဲဒီဘက်ဖြစ်တဲ့ ပြဿနာဆို သူလိုက်ရှင်းပေးရတယ်။ ယူနီဖောင်းမလိုဘူး။ ပန်းကန်းက လွိုင်ကော်မြို့ထဲပဲလေ။။ နမ့်ဘော်ဝမ်ရပ်ကွက်မို့လေး။ နာနတ်တောလိုပေ့ါ။ အစွန်တော့ကျတယ်။ ဒေါပိုးစီတော့ လူနေတာ နည်းတယ်။ ဒါပေမဲ့ နမ့်ဘော်ဝမ် ကတော့ လူများပါတယ်။ ဒီလိုလုပ်ကြံခံရမှုတွေအများဆုံး ဖြစ်တဲ့နေရာလို့ပြောလို့ရတယ်။ အဲဒီဖက်တွေက။” လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ဆိုင်ကယ်မောင်းလာစဉ် သေနတ်နဲ့ တစ်ချက် အပစ်ခံရတာဖြစ်ပြီး ရင်ဘတ်မှာ ထိမှန်သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

၎င်းသေဆုံးမှုနဲ့ပတ်သက်ပြီး မည်သူပစ်ခတ်တယ် မည်သည့်အချိန်မှာ သေဆုံးသွားတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img