spot_imgspot_imgspot_imgspot_img
Thursday, December 5, 2024
spot_imgspot_imgspot_imgspot_img

ပိတ်ဆို့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်း တပ်သား ၁၆ ဦးထက်မနည်းသေဆုံး၊ သုံ့ပန်း ၅ ဦးနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ နယ် ရေကန်ရွာကနေ လင်ဖုံလေး ကျေးရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီက ၂၀ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ပြီး‌‌တော့အနည်းဆုံး ၁၆ ဦးလောက်သေဆုံးတာဖြစ်ပါတယ်။” လို့ တာအယ်စိုးက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံအမှတ် (၈၀) ခြေလျင်တပ်ရင်းက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အင်အား ၆၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆီးမိခဲ့ပြီး တစ်ဦးမှာ သွေးထွက်လွန်ကာ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် လက်နက်ငယ် ၂၀ ကျော်နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာလည်း တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ကျော်ကြာမြှင့်နေပြီး အဲ့ဒီတိုက်ပွဲအတွက် တပ်အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ လွိုင်ကော်မြို့ဘေးပတ်ဝန်းကျင်ကို ကာဖို့ ထိန်းချုပ်ဖို့ဖြစ်နိုင်တယ်။ နောက်တစ်ခုက မိုးဗြဲဖက်ကိုလည်း စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်ချေရှိတယ်ပေါ့နော” လို့ သူက ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ရှမ်း-ကရင်နီနယ်စပ်က တိုက်ပွဲတွေကြောင့် ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင်ရပြီး နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts