spot_imgspot_imgspot_imgspot_img
Tuesday, December 24, 2024
spot_imgspot_imgspot_imgspot_img

ပျောက်ဆုံးနေတဲ့ ဝမ်းကွဲညီအစ်ကိုနှစ်ဦးကို သေဆုံးလျက်ပြန်တွေ့

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂)ရက်နေ့ ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းက ဝမ်းကွဲ ညီအစ်ကို နှစ်ဦးပျောက်ဆုံးခဲ့ပြီး စက်တင်ဘာ(၂၈)ရက် ဒီကနေ့မှာ ဒီးမော့ဆို ဒေါခလိုက်လင်း ဘောလုံးကွင်းမှာ အသတ်ခံရပြီး ပုပ်သိုးနေတဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးထံကနေ သိရှိရပါတယ်။

ပျောက်ဆုံးနေတဲ့ ဝမ်းကွဲညီအစ်ကိုနှစ်ဦးမှာစူးရယ်(၂၄နှစ်) နဲ့ ကျော်လင်းပိုင်(၂၁)နှစ်တို့ ဖြစ်ပြီး ၆ရက်လောက်အဆက်အသွယ်မရ ပျောက်ဆုံးခဲ့ပြီး ပြန်လိုက်ရှာတဲ့အခါမှာ ရုပ်အလောင်းသာတွေ့ရှိခဲ့တာ ဖြစ်တယ်လို့အဒေါ်ဖြစ်သူက ပြောပါတယ်။

“သူတို့ ရုပ်အလောင်းကတော့ ဒေါခလိုက်လင်းရဲ့ ဘောလုံးကွင်းမှာပေါ့နော။ ဘောလုံးကွင်းမှာတွေ့တယ် တူလေး ကျော်လင်းပိုင်ခါကျတော့ ဘောလုံးကွင်းထဲမှာ တွေ့တယ်။ စူးရယ်ခါကျတော့ အိမ်သာထဲမှာပါ။” လို့ပြောပါတယ်။

သူတို့နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ပြီး ပျောက်ဆုံးတဲ့ရက်မှာပဲ အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထိုသူနှစ်ဦးမှာ ငွေတောင်ဖက်မှာ ရိက္ခာဝယ်ဖို့သွားရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ရုပ်အလောင်း ပြန်လည်တွေ့ရှိတဲ့အချိန်မှာ အရိုးနဲ့ အင်္ကျီသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ အခုလို ရုပ်အလောင်းသာပြန်တွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း အဒေါ်ဖြစ်သူက ဆိုပါတယ်။

“သူတို့အတွက် စဉ်းစားနေရတာ တအားကို သနားတာပေါ့နော။ တအားသနားတယ် သူတို့ဘယ်လောက်တောင်မှ နှိပ်စက်ခံရလဲ အဲ့မျိုးပေါ့။ သူ့ရဲ့ အမေတို့နဲ့လည်း ဘယ်လိုပြောမလဲ သူတို့ တအားငိုကြတာပေါ့နော။ အဲ့မျိုးတွေ့တဲ့ခါကျတော့ သူတို့က စစ်တပ်တွေ ဖမ်းသွားလို့ လာ အဲ့မျိုးပေါ့။ နောက်ဆုံးတော့ ရုပ်အလောင်း အဲ့လိုမျိုး ပြန်တွေ့တဲ့ ခါကျတော့ သူတို့ တော်တော်ခံစားရတယ်။ ကိုယ်လည်း ထပ်တူပဲပေါ့။” လို့ ပြောပါတယ်။

စူးရယ်ဖြစ်သူမှာ ဖဲလျားရွာကဖြစ်ပြီးသားသမီးသုံးယောက်နဲ့ဇနီး ဖြစ်သူ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းကာလအတွင်း သေဆုံးသူ ၁၀၃ ဦးရှိသွားပြီ ဖြစ်ပြီး စစ်ကောင်စီဖက်မှ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ (၇၄)ဦးရှိသွားပြီ ဖြစ်ပါတယ်။

spot_img
spot_img