spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ပြည်တွင်းဝင်ရောက်လာသူအားလုံး သီးသန့်စောင့်ကြည့်မှုဝင်ဖို့ မိမိစရိတ်ဖြင့်ဝင်ရမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်ပပြန်မှလွဲ၍ ပြည်တွင်းဝင်ရောက်လာသူအားလုံး ‌ရောဂါမကူးစက်စေဖို့ စောင့်ကြည့်တဲ့ ကာလ (Quarantine) ဝင်နေချိန် မိမိစရိတ်နဲ့ ကျခံပေးသွင်းရမယ်လို့ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။

“ပြည်ပပြန်တွေက ဟိုမှာလည်း ဒုက္ခတွေရောက်လာတာ ပိုက်ဆံလည်းမစုမိဘူးဆိုတော့ သူတို့ကို ကျွေးမယ်လို့တော့ ညွှန်ကြားချက်အရ သိရပါတယ် သူတို့ကိုတော့ အရင်လိုပဲဆက်ပြီးထားအုံးမှာ လိုတာဖြည့်ဆည်းပေးအုံးမှာပေါ့။ ကျန်တဲ့ပြည်တွင်းကတော့ ညွှန်ကြားချက်အရ ၂၈၀၀နှုန်းနဲ့ကျွေးမှာပေါ့ အဲဒါလေးတစ်ခုတော့ ကွာခြားချက်ရှိသွားတာပေါ့” လို့ ဦးရန်နိုင်ဝင်းကပြောပါတယ်။

တစ်နေ့ စားသောက်စရိတ်အဖြစ် (၂၈၀၀)နှုန်းနဲ့ (၁၄)ရက်စာ စုစုပေါင်း (၃၉၂၀၀)ကျပ်ကို ‌ရောဂါမကူးစက်စေဖို့ စောင့်ကြည့်တဲ့ ကာလ စတင်ဝင်ရောက်တဲ့နေ့ကစပြီး ပေးသွင်းရမှာဖြစ်သလို စားသောက်မှုနဲ့ပတ်သက်ပြီး မိမိအစီအစဉ်နဲ့လည်း ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

ဓတ်ခွဲနမူနာ တစ်ကြိမ် ရယူ%8စ်ဆေးသွ%�1းမှာဖြစ်ပြီး အိမ်မှာ (၇)ရက်ထားရှိ ဆောင်ရွက်ရမှာကို ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ကိုဗစ်၁၉ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေကို ပြည်ပဝင်ပေါက်/ထွက်ပေါက်ဂိတ်တွေမှာသော်လည်းကောင်း၊ ပြည်နယ်ဝင်ပေါက်/ထွက်ပေါက်ဂိတ်တွေသော်လည်းကောင်း စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးဆောင်ရွက်လျက်ရှိနေပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်း ကြောင့် ဆေးရုံလာရောက်ပြသသူတွေကိုလည်း စနစ်တကျစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

စက်တင်ဘာလ (၁၀)ရက်နေ့မှာ သီးသန့်စောင့်ကြည့်ဖို့ သတ်မှတ်ထားတဲ့နေရာ ဝင်ရသူများအနက် လွိုင်ကော်ပညာရေးကောလိပ်မှာ (၈)ဦး၊ သာသနာ့ဗိမာန်မှာ (၂၀)ဦး၊ ဒီမော့ဆိုစိုက်ပျိုးရေးသိပ္ပံမှာ (၁၀)ဦး၊ ရှားတောအားကစားခန်းမမှာ (၂)ဦး၊ မယ်စဲ့အားကစားခန်းမမှာ (၂)ဦး စုစုပေါင်း (၄၂)ဦးတို့ရဲ့ ဓတ်ခွဲနမူနာကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓတ်ခွဲမှုဆိုင်ရာဌာနသို့ စစ်းဆေးရန် ပေးပို့ထားတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာ ယနေ့ထိ ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းဆဲ လူနာ (၄၂)ဦးရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ကယားပြည်နယ်ဟာ ကိုဗစ်၁၉ရောဂါကင်းစင်နေသေးတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts